တောင်ကြီးမြို့တွင်လေပြင်းတိုက်ခတ် သစ်ပင် ဓါတ်တိုင်များပြိုကျ ပျက်စီးဆုံးရှုံးမှုများပြား

တောင်ကြီးမြို့တွင်လေပြင်းတိုက်ခတ် သစ်ပင် ဓါတ်တိုင်များပြိုကျ ပျက်စီးဆုံးရှုံးမှုများပြား
တောင်ကြီးမြို့တွင် မေလ ၂၉ ရက်ညနေ ကစပြီးလေပြင်းမုန်တိုင်းတိုက်ခတ် သစ်ပင် ဓါတ်တိုင်များပြိုကျ ပျက်စီးဆုံးရှုံးမှုများပြား
တောင်ကြီးမြို့တွင် မေလ ၂၉ ရက်ညနေ ကစပြီးလေပြင်းမုန်တိုင်းတိုက်ခတ် သစ်ပင် ဓါတ်တိုင်များပြိုကျ ပျက်စီးဆုံးရှုံးမှုများပြား

ရှမ်း(သျှမ်း)ပြည်တောင်ပိုင်းတောင်ကြီးမြို့တွင် မေလ ၂၉ ရက်ညနေ ကစပြီးလေပြင်းမုန်တိုင်းတိုက်ခတ်ရာ သစ်ပင်သစ်ကိုင်းကျိုးကျ ၊ ဓါတ်တိုင်များလဲပြို၊ ဆိုင်းဘုတ်များလဲကျမှုကြောင့်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်းသိရသည်။

"ကနေ့မနက်အထိ မရပ်ဘူး။ မိုးသဲ လေတိုက်နေတုန်းဘဲ။ မနေ့က တနေ့လုံးလေတိုက်တယ်။ မိုးကတော့ ရွာနေတာ ၂ ရက်လောက်ရှိပြီ။ မိုးအုံ့တယ်။ မီးလဲပြတ်တယ်။ "– ဟု တောင်ကြီးသူ ယိင်းယိင်း ကပြောသည်။

မိုးလေသဝပညာရှင် ဒေါက်တာထွန်းလွင်၏ လူမှုကွန်ယက် ဖေ့စ်ဘုစာမျက်နှာတွင် အဆိုပါ မုန်တိုင်း သည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ပြီး မေလ ၂၉ ရက်နေ့တွင် ရခိုင်ပြည်နယ် အား ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းဝင်ကာ မကွေးတိုင်း မန်းတလေးတိုင်းတို့တွင် တနာရီမိုင် ၃၀ နှုန်းလေတိုက်ခတ်မည်ဖြစ်ကြောင်း၊ မေလ ၂၉ ရက်နေ့မှ နောက် ၃၆ နာရီအတွင်း မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တောင်ပိုင်း တို့အထိ လေပြင်းမုန်တိုင်းကျရောက်နိုင်ကြောင်းဖော်ပြထားသည်။

သျှမ်းပြည်မြို့တောင် တောင်ကြီးမြို့တွင်လည်းအလားတူ လေပြင်းတိုက်ခတ်ကာ မိုးသည်းကျသကဲ့သို့ မိုးပွန် ဟိုပုံး မိုးနဲ လင်းခေးမြို့တို့တွင်လည်း မိုးအုံ့ကာ မိုးဆက်တိုက်ရွာသွန်းနေကြောင်းသိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...