အစိုးရကျောင်း ပြောင်းတက်ရမည့် စစ်ရှောင်ကလေးများ အတွက် မိဘများ စိတ်ပူ

အစိုးရကျောင်း ပြောင်းတက်ရမည့် စစ်ရှောင်ကလေးများ အတွက် မိဘများ စိတ်ပူ

ကချင်လွတ်လပ်ရေး အဖွဲ့ KIO ကျောင်းမှ အစိုးရကျောင်း ပြောင်းတက်ရမည့် အောင်လော့ဒ် စစ်ရှောင်ကလေးများ ဝင်ခွင့် စာမေးပွဲ ဖြေဆိုရမည်ကို ကျောင်းသား မိဘများ စိတ်ပူမိကြောင်း ပြောပါသည်။

တနိုင်းမြို့နယ် Awng Lawt (အောင်လော့ဒ်) ကျေးရွာသည် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) ဌာနချုပ် လည်း ဖြစ်ပြီး ကျောင်သားများသည် KIO ပညာရေး စနစ်အောက် ပညာသင်ကြားခဲ့ရသည်။

ဧပြီ လဆန်းမှစတင်ပြီး Awng Lawt ဒေသ ကို တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ထောင်ချီသော ကျေးရွာသားများသည် ယခုချိန် မြို့ပေါ် အစိုးရထိန်းချုပ်နယ်မြေများသို ့ထွက်ပြေးနေရခြင်း ဖြစ်သည်။

KIO ကျောင်းသားများ အစိုးရကျောင်း၌ ပညာဆက်လက်သင်ကြားနိုင်ရန် ဝင်ခွင့်စာမေးပွဲ ထပ်မံဖြေဆိုရမည်ကို စိုးရိမ်ကြောင်း မြစ်ကြီးနား Jaw Masat နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ကို ရောက်ရှိနေသည့် Awng Lawt မှ စစ်ရှောင် ဒေါ် Lamyam Hka Tawm က ယခုလို ပြောဆိုပါသည်။

“ကလေးတွေက ဟိုမှာ အောင်ပြီး လာခဲ့တာတော့ဟုတ်တယ်။ ဒါပေမယ့် အခုဒီမှာက စာမေးပွဲ ဆက်ဖြေခိုင်းမယ် ဆိုတော့။ ကလေးတွေက သေနတ်သံ ကြားပြီးထွက်ပြေးလာ ရတဲ့အတွက် လန့်တာတွေလည်းရှိမယ်။ စာတွေလည်း မေ့ကုန်လောက်ပြီ။ တကယ်လို့ မထင်မှတ်ဘဲ ကျသွားခဲ့ရင် အသက်ကကြီးသွားပြီး အတန်းက နောက်ကျ နေမယ်။ ဒါမျိုးဖြစ်မှာ ကို စိုးရိမ်မိတယ်” ဟု ရင်ဖွင့်ပြောဆိုပါသည်။

မြစ်ကြီးနားမြို့နယ်သို့ ရောက်ရှိလာသော Awng Lawt ကျေးရွာ စစ်ရှောင်ပြည်သူများမှ ကျောင်းတက် ရမည့် ကလေး လူငယ် စုစုပေါင်း (၁၆၂) ဦး ရှိပါသည်။

အလားတူ နမ္မတီးမြို့ နှင့် တနိုင်းမြို့ တွင်လည်း Awng Lawt ကျေးရွာမှ စစ်ရှောင် ပြည်သူများ ခိုလှုံလျှက်ရှိပါသည်။

၁၉၉၄ မှ ၂၀၁၁ ထိ (၁၇) နှစ်ကြာ ငြိမ်းချမ်းရေး ကာလအတွင်း KIO ကျောင်းသားများကို အစိုးရကျောင်းတက်ရန် ဝင်ခွင့် စာမေးပွဲ မလိုအပ်ဘဲ ခွင့်ပြုပေးခဲ့သည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...