လူငယ်သပိတ် ခေါင်းဆောင် ၃ ဦးကို ‘စစ်သားတစ်ဦး’ အနေဖြင့် တရားစွဲခြင်းဖြစ်

လူငယ်သပိတ် ခေါင်းဆောင် ၃ ဦးကို ‘စစ်သားတစ်ဦး’ အနေဖြင့် တရားစွဲခြင်းဖြစ်

စစ်ရှောင်များ လွတ်မြောက်ရေး ကချင်လူငယ် သပိတ်စခန်း ဦးဆောင်သူ ၃ ဦးကို တရားစွဲ ဆိုထားသော ဒုဗိုလ်မှုးကြီး မျိုးမင်းဦး သည် တပ်မတော်ကိုယ်စား မဟုတ်ဘဲ မိမိတပ်မတော်သား တစ်ဦး အနေဖြင့်သာ တရားစွဲဆိုခြင်း ဖြစ်ကြောင်း ယမန်နေ့ (မေ ၂၈) ရုံးချိန်းတွင် သိရသည်။

ဆန္ဒပြခေါင်းဆောင်များဖြစ်ကြသော ဦး Lum Zawng၊ ဦး Zau Jat နှင့် ဒေါ် Nang Pu တို့ ကို အသရေ ဖျက်မှု တရားဥပဒေ ၅၀၀ ဖြင့် စွဲ ဆို ထားခြင်းဖြစ်ပြီး ‘သက်သေအထောက် အထားမရှိ မြေပြင် အခြေအနေကို မသိဘဲ တပ်မတော်အပေါ် အများပြည်သူ အထင်မှားအောင် ပြုလုပ်ခြင်းကြောင့် တရားစွဲဆိုသည်’ ဟု တပ်မတော် ဘက်မှ ထွက်ဆိုခဲ့ကြောင်း ရှေ့နေ ဒေါ်ဒွဲဘူ က ပြောသည်။

“ဒီကနေ ့ထူးဆန်တာ တစ်ခုက ဒီတရားလို ဒုဗိုလ်မှုးကြီး မျိုးမင်းဦးက တပ်မတော်ရဲ ့ ကိုယ်စား မဟုတ်ဘဲ သူ့တပ်မတော်သား တစ်ဦးအနေ နဲ ့ဘဲ တရားစွဲ တာဘာ လို ့ထွက်ဆို ခဲ့ပါတယ်” ဟု သူက ပြောသည်။

တရားလို ဒုဗိုလ်မှုးကြီးအား ပြန်မေးမြန်ကြည့်ရာတွင် ယခုမြေပြင်အခြေအနေနှင့်ပတ်သက်မှုမရှိ စစ်ရှောင်များ၏ အခြေအနေကို လည်း သိရှိနားလည် ခြင်းမရှိ ကြောင်း ထွက်ဆိုခဲ့သည်ဟု သူက ပြောသည်။

ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြုလုပ်သည့် ပိတ်မိပြည်သူ လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခြင်း အစီစဉ်များအတွင်း ခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းမှုများ အပေါ် တရားလို ဒုဗိုလ်မှူးကြီးမျိုးမင်းဦး က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လာမည့်အပတ် ဇွန် (၄)ရက် ထပ်မံ ရုံးချိန်းခဲ့ပြီး ထိုနေ့တွင် တရားလို တစ်ဦးအား ဆက်လက်မေးမြန်းသွား မည်ဖြစ်ကြောင်းသိရ သည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...