စစ်ရှောင်များ လွတ်မြောက်ရေး ကချင်လူငယ် သပိတ်စခန်း ဦးဆောင်သူ ၃ ဦးကို တရားစွဲ ဆိုထားသော ဒုဗိုလ်မှုးကြီး မျိုးမင်းဦး သည် တပ်မတော်ကိုယ်စား မဟုတ်ဘဲ မိမိတပ်မတော်သား တစ်ဦး အနေဖြင့်သာ တရားစွဲဆိုခြင်း ဖြစ်ကြောင်း ယမန်နေ့ (မေ ၂၈) ရုံးချိန်းတွင် သိရသည်။
ဆန္ဒပြခေါင်းဆောင်များဖြစ်ကြသော ဦး Lum Zawng၊ ဦး Zau Jat နှင့် ဒေါ် Nang Pu တို့ ကို အသရေ ဖျက်မှု တရားဥပဒေ ၅၀၀ ဖြင့် စွဲ ဆို ထားခြင်းဖြစ်ပြီး ‘သက်သေအထောက် အထားမရှိ မြေပြင် အခြေအနေကို မသိဘဲ တပ်မတော်အပေါ် အများပြည်သူ အထင်မှားအောင် ပြုလုပ်ခြင်းကြောင့် တရားစွဲဆိုသည်’ ဟု တပ်မတော် ဘက်မှ ထွက်ဆိုခဲ့ကြောင်း ရှေ့နေ ဒေါ်ဒွဲဘူ က ပြောသည်။
“ဒီကနေ ့ထူးဆန်တာ တစ်ခုက ဒီတရားလို ဒုဗိုလ်မှုးကြီး မျိုးမင်းဦးက တပ်မတော်ရဲ ့ ကိုယ်စား မဟုတ်ဘဲ သူ့တပ်မတော်သား တစ်ဦးအနေ နဲ ့ဘဲ တရားစွဲ တာဘာ လို ့ထွက်ဆို ခဲ့ပါတယ်” ဟု သူက ပြောသည်။
တရားလို ဒုဗိုလ်မှုးကြီးအား ပြန်မေးမြန်ကြည့်ရာတွင် ယခုမြေပြင်အခြေအနေနှင့်ပတ်သက်မှုမရှိ စစ်ရှောင်များ၏ အခြေအနေကို လည်း သိရှိနားလည် ခြင်းမရှိ ကြောင်း ထွက်ဆိုခဲ့သည်ဟု သူက ပြောသည်။
ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြုလုပ်သည့် ပိတ်မိပြည်သူ လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခြင်း အစီစဉ်များအတွင်း ခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းမှုများ အပေါ် တရားလို ဒုဗိုလ်မှူးကြီးမျိုးမင်းဦး က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လာမည့်အပတ် ဇွန် (၄)ရက် ထပ်မံ ရုံးချိန်းခဲ့ပြီး ထိုနေ့တွင် တရားလို တစ်ဦးအား ဆက်လက်မေးမြန်းသွား မည်ဖြစ်ကြောင်းသိရ သည်။







