ဖားကန့်လမ်း မြန်မာအစိုးရတပ်များ လက်နက်ကြီး ပစ်ခတ်

ဖားကန့်လမ်း မြန်မာအစိုးရတပ်များ လက်နက်ကြီး ပစ်ခတ်

ယမန်နေ့ မေ ၂၇၊ တနင်္ဂနွေနေ့ ညနေပိုင်းမှာ ကချင်ပြည်နယ် ဖားကန့်လမ်း မြန်မာအစိုးရတပ် စခန်း ၂ခုမှ လက်နက်ကြီးများ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ဆိုသည်။

ယမန်နေ့ ညနေ ၄ နာရီခန့်က Kahtan Yang ကျေးရွာ ဖုန်း microwave တောင် စခန်း မှ Lai Nawng Hku (လိုင်နှောင်းခူး) ဘက်ကို လက်နက်ကြီး ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ၁လုံး ကျေးရွာ ရပ်ကွက် ၁ လူသွားလမ်းပေါ် ကျရောက် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှု မရှိကြောင်း ဒေသခံ တဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

ညနေ ၅နာရီခန့်မှာလည်း မိုးကောင်းမြို ့နယ် Namsheng Bum (နန်ဟိုင်းတောင်) နှင့် Hka San Bum (စီတုံတောင်) ဘက်ကို ဆောင်းခါးကျေးရွာအနီး Laika Galai (စာပို့) စခန်း မှ လက်နက်ကြီး အကြိမ် များစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ဆိုပါသည်။

‘ကချင် လွတ်လပ်ရေး တပ်မတော် KIA ရှိသည်’ ဟုု ယူဆပြီး ပစ်ခတ်ပုံ ထင်ရကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။

ယခုလို မြန်မာအစိုးရတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများ ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...