လာမည့်နှစ် အစာပြတ်လတ်မည် ကို အင်ဂျန်းယန်ပြည်သူများ စိုးရိမ်

လာမည့်နှစ် အစာပြတ်လတ်မည် ကို အင်ဂျန်းယန်ပြည်သူများ စိုးရိမ်

အင်ဂျန်းယန်မြို့နယ် အတွင်း လက်ရှိ စစ်ပွဲ ပြင်းထန်နေသောကြောင့် အချိန်မီ တောင်ယာ စိုက်ပျိုးနိုင်ခြင်း မရှိသည့် အတွက် လာမည့် နှစ်ကုန်အထိ အစာ ပြတ်လတ်သွားမည်ကို စိုးရိမ်နေကြပါသည်။

ယခု တောင်ယာ မီးရှို့ရှင်းလင်းပြီး စပါးစိုက်ပျိုးရန် ပြင်ဆင်နေရမည့် အချိန် ဒေသခံပြည်များ စစ်ရှောင်နေရခြင်းကြောင့် ဖြစ်သည်။

“ကျွန်တော်တို ့ ဒီနှစ် စပါး မစိုက်နိုင်ရင်တော့ ၂၀၁၉ ဒီဇင်ဘာလ အထိ ၂ နှစ်စာ အစာ ပြတ်ပါတော့မယ်။ ဘာလို ့လဲ ဆိုတော့ မနှစ်က ဆန်စပါးတွေကို ဒီနှစ်စားတယ်။ ဒီနှစ်စိုက်တဲ့ စပါးကိုတော့ နောက်နှစ်စားတယ်။ ဒါပေမယ့် မနှစ်က စိုက်တဲ့ ဆန်တောင်မှ ကြောက်လို့ တောင်ယာကနေ ကျနော်တို့ မသယ်ရသေးဘူး” ဟုု အင်ဂျန်းယန်မှ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

ဧပြီလကုန်ပိုင်းမှ စတင်ပြီး အင်ဂျန်းယန်မြို့နယ်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၄) ဒေသသို ့ မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ဒေသခံ ၁၀၀၀ ကျော်သည် ယခုချိန် မြစ်ကြီးနားမြို့နယ် တန်ဖရဲ ကတ်သလစ် ဘုရားကျောင်းဝင်းနှင့် ပလန Trinity ကချင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်း တွင် ထွက်ပြေး ခိုလှုံနေပါသည်။

ထို့ပြင် ပြည်သူ ၆၀၀ ကျော်လည်း အင်ဂျန်းယန်မြို့အတွင်း အစိုးရ စစ်တပ် နှင့်အတူ ကျန်ရှိနေပြီး ၎င်းတို့ကို တောင်ယာလုပ်ငန်း လုပ်ကိုင်ခွင့် နှင့် ည အပြင်ထွက်ခွင့်များ ပိတ်ပင်ထားသည် ဟု စစ်ရှောင်များ ဆိုသည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...