သက်ကြီး ရွယ်အို ဒုက္ခသည်သစ်များ ဆန်မာ စားရန် ခက်ခဲ

သက်ကြီး ရွယ်အို ဒုက္ခသည်သစ်များ ဆန်မာ စားရန် ခက်ခဲ

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှ ထပ်မံ ရောက်ရှိလာကြသော စစ်ပြေးရှောင်ပြည်သူများမှ သက်ကြီးရွယ်အိုအချို့သည် ကူညီထောက်ပံ့ ပေးထားသည့် ဆန်မာကို စားသုံးရာတွင် အခက်အခဲအနည်းငယ် ရှိနေကြောင်း ပြောသည်။

“အစိုးရက ထောက်ပံ့ပေးထားတဲ့ ဆန် က မာတဲ့ အတွက်ကြောင့် ကျွန်တော်တို ့တောင်ပေါ် က ပြည်သူတွေက ဆန် ပျော့တာဘဲ စားကြတယ်လေ” ဟု မြစ်ကြီးနား Trinity စစ်ရှောင်ခန်း တာဝန်ခံ Ginshung La Hkawng ကပြော သည်။

ထို့ကြောင့် လက်ရှိ မြစ်ကြီးနားမြို့နယ်သို့ အသစ်ရောက်လာသော စစ်ပြေးဒုက္ခသည် စခန်းများတွင် ဆန်ပျော့နှင့််ရော၍သာ ချက်ကျွေး နေရကြောင်း သူကပြောသည်။

သက်ကြီးရွယ်အို အချို့သည် ကျန်းမာရေးအရ အချိန်နှင့်အညီ စားသောက်ရသည့်အတွက် သူတို ့အား သီးသန့် ချက်ကျွေးနေရသည်ဟု သိရပါသည်။



 

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...