တနိုင်းမြို့တွင် တရားဝင် စစ်ရှောင်စခန်း ဖွင့်ပေးရန် အစိုးရကို တောင်းဆို

တနိုင်းမြို့တွင် တရားဝင် စစ်ရှောင်စခန်း ဖွင့်ပေးရန် အစိုးရကို တောင်းဆို

ကချင်ပြည်နယ် တနိုင်းမြို့တွင် တရားဝင် စစ်ရှောင်စခန်း ဖွင့်ပေးရေးကိစ္စ အစိုးရမှ အမြန်ဆုံး တာဝန်ယူဆောင်ရွက်ပေးပါရန် တနိုင်းလွှတ်တော်ကိုယ်စားလှယ်များမှ မေလ ၂၂ ရက်နေ့ နိုင်ငံတော်သမ္မတသို့ တင်ပြခဲ့သည်။

တနိုင်းမြို့အတွင်းရှိ ခရစ်ယာန် ဘာသာ ဘုရားကျောင်းများဖြစ်သည် RC၊ KBC၊ COC နှင့် AG အသင်းတော်များ၏ စီမံခန် ့ခွဲမှု အစီအစဉ်များဖြင့်သာ စစ်ပြေးဒုက္ခသည်များ နေထိုင်ရှင်သန်နေရသောကြောင့် အသင်းတော်များ အခက်အခဲ ပေါင်းများစွာ ရင်ဆိုင်နေရသည်ဟု တနိုင်းလွှတ်တော် ကိုယ်စားလှယ် ဦး လင်းလင်းဦး က ဆိုသည်။

“တိုက်ပွဲတွေရှိ ရင်တော့ စစ်ရှောင်စခန်း ဆိုတာတော့ ရှိရပါမယ်၊ ကျနော်တို့မှာက တစ်နှစ်ရောက်တော့မယ်။ အခုချိန်ထိ တရားဝင်စစ်ရှောင်စခန်းမရှိသေးဘူး၊ စစ်ရှောင်ပြည်သူတွေရဲ့ ဘဝတွေကို တာဝန်ယူမူတွေ လုပ်ဆောင်မူတွေရှိရပါမယ်။ ကျွန်တော်တို ့က နယ်မြေခံကိုယ်စားလှယ်တွေဆိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ ကိုတင်ပြ အသိပေးတာပါ" ဟု ဦး လင်းလင်းဦး ကပြောသည်။

လက်ရှိ တနိုင်းမြို့ ခရစ်ယာန် ဘာသာရေးကျောင်းများ တွင် စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော် ခိုလှုံနေရဆဲ ဖြစ်သောကြောင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ များကို တင်ပြထားခြင်း ဖြစ်သည်။

 

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...