RCSS/SSA ဆရာမွမ်းမံသင်တန်း ရှမ်းပြည်တောင်ပိုင်း နမ်စန်မြို့တွင် ကျင်းပ

RCSS/SSA ဆရာမွမ်းမံသင်တန်း ရှမ်းပြည်တောင်ပိုင်း နမ်စန်မြို့တွင် ကျင်းပ

ရှမ်း(သျှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ကမကထပြုကာ ဆရာမွမ်းမံသင်တန်းကို သျှမ်းပြည်တောင်ပိုင်း နမ်စန်မြို့တွင်ကျင်းပခဲ့သည်။

ဆရာမွမ်းမံသင်တန်းသို့ သင်တန်းသား သင်တန်းသူစုစုပေါင်း ၅၀ ခန့်ရှိပြီး သင်တန်းကာလမှာ မေလ ၂၁ မှ ၂၇ ရက်နေ့အထိ ၇ ရက်ကြာမြင့်ပါသည်။ သင်တန်းဖြစ်မြောက်ရေးအတွက်နမ့်စန်မြို့ သံဃာတော်များနှင့် RCSS/SSA တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သင်တန်းဖြစ်မြောက်ရေး တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါသင်တန်းကျောင်းမှ သင်တန်းဆရာတဦးက –" ဆရာမွမ်းမံသင်တန်းကိုကျနော်တို့ ပြုလုပ်လာတာအခုသင်တန်းဟာ ၅ ကြိမ်မြောက်ဖြစ်ပါတယ်။ သင်တန်းကာလ ၇ ရက် တပတ်ကြာမြင့်ပါတယ်။ RCSS/SSA ထိန်းချုပ်ဒေသတွင်းဆရာတွေ အရည်အချင်းမြှင့်လာအောင်ရည်ရွယ်ပါတယ်"- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါသင်တန်းတွင် အင်္ဂလိပ်စာ၊ သချင်္ာ၊ သင်ကြားမှုနည်းပညာ၊ ဆရာ့တာဝန်၊ ဦးဆောင်မှုကဏ္ဍ၊ ရုံးလုပ်ငန်း၊ လူမှုအခြေပြုလုပ်ငန်း၊ RCSS/SSA ၏ ပညာရေးပေါ်လစီနှင့် လက်တွေ့လုပ်ဆောင်ချက်များ အစရှိသည်တို့ ပါရှိပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...