စက္ကူစက်ရုံ တားမြစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို နမ့်ခမ်း လူထုစာပေးပို့

စက္ကူစက်ရုံ တားမြစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို နမ့်ခမ်း လူထုစာပေးပို့
ရွှေလီမြစ်ကမ်းနံဘေး ကြိုးတံတားဟောင်းနဲ့ကြိုးတံတားသစ်ကြားစက္ကူစက်ရုံ
ရွှေလီမြစ်ကမ်းနံဘေး ကြိုးတံတားဟောင်းနဲ့ကြိုးတံတားသစ်ကြားစက္ကူစက်ရုံ

ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟင်လုံအုပ်စု ဟန်ကမ်းရွာ ရွှေလီမြစ်ကမ်းနံဘေး ကြိုးတံတားဟောင်းနဲ့ကြိုးတံတားသစ်ကြားမှာ မြန်မာ့မြှားဦးကုမ္မဏီကနေ စက္ကူစက်ရုံလာဆောက်မယ့်အပေါ် တားမြစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို လူထုကနေ စာရေးသားပေးပို့ခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့တာဖြစ်ပါတယ်။

စက္ကူစက်ရုံကနေ စွန့်ပစ်မယ့် ဓါတုအဆိပ်ရည်ပါ ရေညစ်တွေကြောင့် ဒေသခံလူထု ဆိုးကျိုးခံစားရမှာဖြစ်တဲ့အတွက် စက်ရုံကိုအလိုမရှိကြောင်း ၂၀၁၇ နို၀င်ဘာလတုန်းက မြို့နယ်အဆင့်၊ ၂၀၁၈ မတ်လတုန်းက သျှမ်းပြည်နယ်အစိုးရအဖွဲ့ဆီကို စာရေးသားပေးပို့ခဲ့ပေမယ့် တစုံတရာအကြောင်းပြန်တာမရှိတဲ့အတွက် မေလ ၂၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံးကိုစာထပ်မံပေးပို့လိုက်တာဖြစ်ကြောင်း နမ့်ခမ်းဒေသခံလူငယ်တွေကပြောဆိုပါတယ်။

စက္ကူစက်ရုံအလိုမရှိကြောင်း ဟင်လုံအုပ်စုဒေသခံတွေ တောင်းဆိုချက်အရ နမ့်ခမ်းမြို့နယ်ထဲက မြို့မိမြို့ဖများ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ လူမှုညီညွတ်ရေးအသင်း၊ တောင်သူလယ်သမားများအဖွဲ့၊ ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း တို့ကနေဦးဆောင်ပြီး စာပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေအကြိမ်ကြိမ်တားမြစ်တဲ့ကြားက စက်ရုံဟာ အရေးယူနားဆင်မှုမရှိဘဲ လက်ရှိမှာ စက္ကူကြမ်းထုတ်လုပ်နေပြီလို့ နမ့်ခမ်းမြို့ခံ စိုင်းပီးကပြောပါတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...