တောင်ကြီးမြို့ပေါ်တွင် ပထမတန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့် ခံရ

တောင်ကြီးမြို့ပေါ်တွင် ပထမတန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့် ခံရ
by -
ယိင်းတိုင်း
အဓမ္မပြုကျင့် ခံရသည့်ကလေး၏ မိသားစုထံ အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်းများမှ ကူညီထောက်ပ့ံမှုများပေးနေစဉ်
အဓမ္မပြုကျင့် ခံရသည့်ကလေး၏ မိသားစုထံ အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်းများမှ ကူညီထောက်ပ့ံမှုများပေးနေစဉ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ စဝ်စံထွန်းရပ်ကွက် ဇလဲလမ်း နေအသက်(၆)နှစ် အရွယ်မိန်း ကလေးအား အသက်(၂၆)နှစ်အရွယ်အိမ်နီးချင်းအမျိုးသား မှ အဓမ္မပြုကျင့် မှုဖြစ်ပွားခဲ့ကြောင်း မိသားစုများထံမှသိရသည်။

“ ကျမ ကလေးမေ့ဆေးပေးပြီး ခွဲခန်းဝင်ရတဲ့အထိဖြစ်တယ်၊ ဆေးရုံ(၅) ရက်တက်ရတယ်၊ ကျမ အမှန်တရားကိုပဲလိုချင်တယ် ၊ ကျူးလွန်သူကို သေဒဏ်ပေးစေချင်တယ် ၊သူတို့ဖက်က လျော်ကြေးပေးမယ် ဆိုတဲ့ ပုံစံမျိုးတွေလုပ်လာတယ် ကျမ မလိုချင်ဘူး ” ဟု အဓမ္မပြုကျင့်ခံရသူ မိန်းကလေး၏ မိခင်ဖြစ်သူက ပြောသည် ။

မေ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် သမီးဖြစ်သူ နေအိမ်သို့ပြန်လာစဉ် ရေးချိုးပြီးငေးမှိုင်နေသဖြင့် မေးမြန်း ကြည့်ရာ အိမ်နီးချင်းဖြစ်သော အသက် ၂၆ နှစ်အရွယ် စည်သူစိုးမှ ၄င်းနေအိမ်ခြံဝန်းအတွင်း အုတ်နံရံခြံစည်းရိုးနှင့်အိမ်ကြားတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ သမီး ဖြစ်သူ၏ မိန်းမကိုယ်အားစစ်ဆေး ရာ တွင်လည်း ရောင်ရမ်းသွေးထွက်နေကြောင်း တွေ့ရှိရသဖြင့် မိခင်ဖြစ်သူက ရဲစခန်းသို့ သွားရောက်အမှုဖွင့် ဆိုခဲ့သည်ဟု သိရသည်။

“ ဖြစ်သွားတာ ၁၇ ရက်နေ့ကဖြစ်တယ် ၊ ဆေးရုံဆင်းရတာက ၂၂ ရက်နေ့ မှာ ဆင်းရတယ် ကျမတို့လဲ သိသိချင်းတောင်ကြီးမြို့ပေါ်မှာ အမျိုးသမီးအ ရေး လှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကိုချက်ချင်း အစည်းဝေးခေါ်ပြီးတတ်နိုင်တဲ့ဖက်က ငွေးရေးကြေးရေးအရ ကူညီပေးခဲ့တယ် ။ ဒီအမှု နဲ့ပတ်သက်ပြီး အစအဆုံး ကျမတို့ လိုက်ပါကူညီသွားမယ်” ဟု အမျိုးသမီး နှင့်ကလေးအရေးတက်ကြွလှုပ်ရှားသူ မဝင်းသော်တာဆွေက ပြောသည်။

ရှမ်း(သျှမ်း)ပြည်နယ် လူမှုဖူလှုံရေးနှင့် ကယ်ဆယ်နေရာပြန်လည်ချထားရေးမှလည်း ထောက်ပ့့ံငွေများအပြင် ကျူးလွန်ခံရသူမိန်းကလေး ၏ ပြန်လည်ထူ ထောင်ရေး အပိုင်းတွင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဦးစီးမှူး ဒေါ်နော်ခမ်းသိမ်းထံမှသိရသည်။

“ ဒီလိုသက်ငယ်မုဒိန်းတွေကို အသိပညာထဲထဲဝင်ဝင်ပေးဖို့လိုပြီ ၊ နစ်နာတဲ့ ကလေးအတွက် ထပ်ပြီးနစ်နာတာမျိုးမဖြစ်စေချင်ဘူး ၊ ဥပဒေပိုင်းမှာလဲ ထိရောက်တဲ့ပြစ် ဒဏ်ပေးဖို့လိုသလို ပြစ်ဒဏ်ကျရက် လျော့ပေးတာမျိုး ၊ လွှတ်ငြိမ်းချမ်းသာထဲ ပါလာတာမျိုးမပေးသင့်ပါဘူး” ဟု Peace World Gender Origination မှ ဒေါ်သီတာအောင်ကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီးမြို့ ၊ နယ်မြေရဲစခန်းမှ ကျူးလွန်သူ စည်သူစိုးဆိုသူအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ထားကြောင်းဆက်လက်သိရသည် ။ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ၏ ပြစ်မှုမှာ အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်ဟု ပါရှိပါသည်။

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...