ကချင်ဒုက္ခသည် ပုံကို ‘အပန်းဖြေ ဆင်စခန်း’ အဖြစ် တပ်မတော် ပုံနှိပ်

ကချင်ဒုက္ခသည် ပုံကို ‘အပန်းဖြေ ဆင်စခန်း’ အဖြစ် တပ်မတော် ပုံနှိပ်

ကချင်ပြည်နယ် အောင်လော့ဒ် စစ်ရှောင်ပြည်သူများ ဆင်စီးပြီး ထွက်လာသော ပုံရိပ်ကို အပန်းဖြေ ‘ငွေဆောင် အလှပြ ဆင်စခန်း’ ဟု မေလ ၂၀ ရက်နေ့ထုတ် တပ်မတော်ပိုင် မြဝတီသတင်းစာ တွင် မှားယွင်းစွာ အသုံးပြုထားသည်ကို တွေ့ရသည်။

မြဝတီသတင်းစာတွင် ကချင်ပြည်နယ် Awng Lawt (အောင်လော့ဒ်) ဒေသခံများ စစ်ပြေးလာသော ပုံကို ‘ငွေဆောင်အလှပြ ဆင်စခန်း၌ အပန်းဖြေလာရောက် လည်ပတ်သူများဖြင့်စည်ကား’ ဟူသော သတင်းတွင် အသုံးပြုထားသည်ကို တွေ ့ရသည်။

“ဒီပုံက အောင်လော့ဒ်ရွာက ပြည်သူတွေ ထွက်ပြေးလာတဲ ့ပုံဆိုတာ တစ်ကမ္ဘာလုံးသိပါတယ်။ ပြီးတော့ဒါဟာ ကချင်တိုင်းရင်းသားတွေ ဒုက္ခ ခံစားနေရတာကို သူတို ့က လုံးဝ ဂရုမစိုက်တဲ ့သဘောဖြစ်နေတယ်။ နောက်ပြီး ခက်ခက်ခဲခဲ နဲ ့ရိုက်ခဲ့တဲ့ ဓာတ်ပုံ ဆရာကို မလေးစားရာလည်း ကျပါတယ်။” ဟု ပိတ်မိ စစ်ပြေးဒုက္ခသည်များ လွတ်မြောက်ရေး ကြိုးစားသူ မ Sut Seng Htoi ကပြောသည်။

ကမ္ဘာ့သတင်းစာမျက်နှာများတွင်လည်း ဖော်ပြပါ စစ်ပြေးဒုက္ခသည်များ၏ ဓါတ်ပုံကို အသုံးပြုပါဝင်နေပြီ ဖြစ်သောကြောင့် မြဝတီ သတင်းစာတိုက်အနေဖြင့် ပြန်လည်အမှားပြင်ဆင်ပြီး တောင်းပန်သင့်ကြောင်း သူက ဆက်ပြောပါသည်။

ငွေဆောင်အပန်းဖြေနေရာတွင် ဆင်စခန်းရှိသည်မှာ မှန်သော်လည်း ယခုအသုံးပြုထားသည့် ပုံသည် စစ်ပြေးဒုက္ခသည်အရေး ပြည်သူများ အထင်မှားပြီး အရေးမလုပ်အောင်လုပ်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦး ဆရာ Naw Hkung က ပြောပါသည်။

“ပြောရမယ် ဆိုရင် မြဝတီ သတင်းတိုက်ရဲ့ အက်ဒီတာ က ဒီလောက်ပေါ့ဆပြီး လုပ်မယ်လို ့တော့မထင်ပါဘူး။ ခုလုပ်နေတာက ကချင်ပြည်နယ် သတင်းတွေကို ပြည်သူတွေ အထင်မှားပြီး အရေး မလုပ်အောင် လုပ်နေတယ်လို ့မြင်တယ်။ နောက်ပြီး ကချင်တိုင်းရင်းသား ပြည်သူတွေ ကို အရေး မလုပ်တာလို့ပဲ မြင်ပါတယ်” ဟု ပြောပါသည်။

ဤသတင်း ဓာတ်ပုံနှင့် ပတ်သက်၍ မြဝတီသတင်းစာ အနေဖြင့် အမြန်ဆုံးဖြေရှင်းပေးသင့်ကြောင်း ပြန်ကြားရေး ဒုဝန်ကြီးဟောင်း ဦးရဲထွဋ္ဋ် က သူ၏ facebook တွင် ယနေ့ ဖော်ပြထားသည်။

ဧပြီလ ၁၁ ရက်နေ့မှ စတင်ပြီး တနိုင်းမြို့နယ် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) အောင်လော့ဒ် ဒေသကို တပ်မတော် ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် ပြည်သူ ၂၀၀၀ ကျော်သည် အချိန် ၃ ပတ်ကျော်ကြာ တောတောင်ဖြတ်ပြီး လုံခြုံရာကို ထွက်ပြေးခဲ့သည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...