အင်ဂျန်းယန်မြို့နယ်သို့ စစ်ပြေးဒုက္ခသည်များထံ သတင်းသွားယူမယ့် မီဒီယာအဖွဲ့များ တားဆီးခံရ

အင်ဂျန်းယန်မြို့နယ်သို့ စစ်ပြေးဒုက္ခသည်များထံ သတင်းသွားယူမယ့် မီဒီယာအဖွဲ့များ တားဆီးခံရ

အင်ဂျန်းယန်မြို့နယ်ရှိ စစ်ရှောင်များကို သွားရောက်တွေ့ဆုံမည့် အစိုးရအဖွဲ့နဲ့ အတူလိုက်ပါလာသော သတင်းမီဒီယာ များကို လမ်းခုလတ် တွင် တာဝန်ရှိသူများက တားဆီးခဲ့ပါသည်။

အစိုးရစီစဉ်မှုဖြင့် သတင်းသမားများသည် ယမန်နေ့ မနက် ၈ နာရီ ခွဲခန့်မှ စတင်ပြီး စုပေါင်းရုံးမှ စတင်ထွက်လာခဲ့ရာ နောင်းနန်ကျေးရွာ ၈ မိုင် အရောက်တွင် ခရီးစဉ် တာဝန်ရှိသူတစ်ဦး ခရိုင်အုပ်ချုပ်ရေးမှူး ဦး ခေါင်လဒီး က တားမြစ်ခဲ့ခြင်း ဖြစ်ပါသည်။

“အဆင်ပြေမယ်ဆိုရင် ခင်ဗျားတို့နဲ့ အတူစုပြီး သွားမလိုပါဘဲ။ ဒါပေမယ့် အခု အဆင်မပြေလို့နော်” ဟု မီဒီယာအဖွဲ့များကို ပြောခဲ့သည်။

သို့သော်လည်း မည်သည့်အတွက်ကြောင့် တားဆီးပိတ်ပင်သည်ဟူသော တိကျသည့် အဖြေကို မပေးခဲ့ပါ။

တားဆီးခံလိုက်ရသော သတင်းဌာနများတွင် ကချင်သတင်းဌာန KNG ၊ မြစ်ကြီးနား သတင်းဂျာနယ်၊ The Kachin Time ၊ Eleven နှင့် DVB တို့ဖြစ်ကြပါသည်။

လက်ရှိ အင်ဂျန်းယန် မြို့နယ်အတွင်း စစ်ရှာင် ပြည်သူ ၆၀၀ ခန့် ရှိနေပြီး ထိုသူတို့၏ သွားလာခွင့် နှင့် အလုပ်လုပ်ကိုင်ခွင့်များကိုပင် တပ်မတော်စစ်သားများက တားဆီးမှုရှိနေသဖြင့် ဒေသခံများ စိုးရိမ်နေကြောင်း လွတ်တော်ကို်ယ်စားလှယ်များမှ သိရပါသည်။

အစိုးရအဖွဲ့၏ ခရီစဉ်သည် ပြည်သူများကို မြစ်ကြီးနားသို့ သွားရောက်ကယ်ထုတ်ရန် မဟုတ်ဘဲ စစ်ရှောင်များ အတွက် ၄င်းတို့ဒေသတွင် စာသင်ကျောင်းဆက်လက်သင်ကြားနိုင်ရန်အတွက် ကျောင်းသုံး ပစ္စည်းနဲ့ စာရေးကိရိယာများကို သွားရောက်ထောက်ပ့ံခြင်းသာ ဖြစ်သည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါသည်။

ဧပြီလ နောက်ဆုံးအပတ်မှ စတင်ပြီး ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်းများကို တပ်မတော် တပ်မ ၃၃ က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ဒေသခံ ထောင်ချီ မြစ်ကြီးနားမြို့နယ် ဘက်ကို ထွက်ပြေးလာနေပြီဖြစ်ပြီး အချို့လည်း ပိတ်မိနေဆဲ ဖြစ်ပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...