ယုဇနကုမ္ပဏီနှင့် ဒေသခံများ ကြား မြေယာအရေး ပြဿနာ ထပ်ဖြစ်

ယုဇနကုမ္ပဏီနှင့် ဒေသခံများ ကြား မြေယာအရေး ပြဿနာ ထပ်ဖြစ်

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမ ရှိ Nawng Mi ကျေးရွာတွင် ယုဇန ကုမ္ပဏီ နှင့် ဒေသခံ တောင်သူလယ်သမားတို့ကြား လယ်ယာ ပြဿနာနှင့် ပတ်သက်ပြီး မျက်နှာချင်းဆိုင် ထပ်တိုက်အငြင်းပွားမှုများ ဖြစ်ပွားနေကြောင်း သိရပါသည်။

လွန်ခဲ့သော အပတ်အတွင်းမှ စတင်ကာ တောင်သူ(၁၀)ဦး၏ လယ်ယာ ဧက (၁၀၀)ကျော်ကို ယုဇန ကုမ္ပဏီဘက်မှ backhoe မြေတိုးစက်များဖြင့် လာရောက် ကလော်ထိုးပေးခြင်း စသည်တို့ ပြုလုပ်လာသည်ဟု ဒေသခံ ဦး Seng Awng ထံမှ သိရသည်။

“သူတို ့ကဘက်ဟိုး ကြီးတွေနဲ ့ ရဲရဲဝင့်ဝင့် ဝင်ထုုိးကလော်လာတယ်။ သူတို့က ကြေးစားငှားပြီး ကုမ္ပဏီ ကိုယ်စား အခုလို လုပ်ခိုင်းနေတယ်။ တွေ ့လို ့ ကျွန်တော်တို ့လာပြီးပြောရင် ရိုင်းစိုင်းတဲ့အပြုအမူတွေနဲ ့တုန် ့ပြန်တယ်၊

ကျွန်တော်တို ့ကတော့ ကိုယ့်နေရာမှာနေပြီး အရင်ကတည်းက ကိုယ်ပိုင်တဲ့မြေယာကို ကိုယ်ဘဲ လုပ်စားချင်တယ်။ ဒါကိုတောင်းဆိုနေတာလဲကြာပြီ။ သူများနေရာ ဝင်လုပြီး လုပ်စားနေတာမဟုတ်ဘူ ဟု” ပြောသည်။

ထိုသို့ ယုဇနကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးရန်ကြိုးစား ခဲ့သော်လည်း ယခုထိ တွေ့ဆုံခွင့်မရကြောင်း တောင်သူများမှ သိရသည်။

လီဒိုလမ်းမပေါ် ကျေးရွာများ နှင့် ယုဇနကုမ္ပဏီ ကြား မြေယာ ပြဿနာ အငြင်းပွားမှုများသည် ပုံမှန် ဖြစ်နေပြီး ယခု အခြေအနေအတိုင်း အစိုးရမှ မဖြေရှင်းပါက အောက်ခြေတွင် ပြဿနာ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ဆက်လက်ပြောခဲ့သည်။

ထို့အပြင် ယခင်နှစ်များကတည်းက ယုဇန ကုမ္ပဏီ မှ ဒေသခံ တောင်သူများကို ပိုင်နက်ကျုးလွန်မူနဲ ့ တရားစွဲဆိုထားသည့် အမှု ယခု ထိ ရင်ဆိုင်နေရသေးကြောင်း သိရပါသည်။

လီဒိုလမ်းမ ပေါ်ရှိ တောင်းသူများ၏ မြေယာများ ကို လွန်ခဲ့သော စစ်အစိုးရက ယုဇနကုမ္ပဏီကိုရောင်းချခဲ့ပြီး ထိုမြေယာများကိုပြန်လည်ရယူနိုင်ရန် ဒေသခံများမှ သက်ဆိုင်ရာအစိုးရသို ့ စာရေးသားတောင်းဆိုနှင့် ဆန္ဒထုတ်ဖော်မူ အမျိုးမျိုး ပြုလုပ်ခဲ့သော်လည်း ယခုထိ မအောင်မြင်သေးကြောင်း သိရသည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...