စစ်ရှောင် လွတ်မြောက်ရေး ဆန္ဒပြ ဦးဆောင် လူငယ် (၃)ဦး အမှုထပ်မံ ရုံးချိန်း

စစ်ရှောင် လွတ်မြောက်ရေး ဆန္ဒပြ ဦးဆောင် လူငယ် (၃)ဦး အမှုထပ်မံ ရုံးချိန်း

မြန်မာ့ တပ်မတော်မှ ကချင်လူငယ်ထု သပိတ် စခန်း ဦးဆောင်သူ (၃)ဦး အား အသရေဖျက်မူဖြင့် တရားစွပ်စွဲထားရာ လူ မစုံသဖြင့် မြစ်ကြီးနား မြို့နယ် တရားရုံးက မေ (၂၁)နေ ့တွင် ပြန်လည်ရက်ချိန်း ခဲ့သည်။

တရားစွပ်စွဲခံထားရသော ဦးဆောင်သူ (၃)ဦး အနက် ဒေါ် Nang Pu ခရီးလွန် နေသဖြင့် အမူစစ်ဆေးရာ လူမစုံ သဖြင့် တရားရုံးမှ ထပ်မံချိန်းဆို ခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုဗိုလ်မှူးကြီး မျိုးမင်းဦး မှ တပ်မတော် အသရေဖျက်မှု ဖြင့် လူငယ်ခေါင်းဆောင် (၃)ဦး ကို တရားစွဲဆိုခဲ့သည်။

တရားခံ ဦး Lum Zawng နှင့် ဦး Zau Jat တို ့နှစ်ဦးသည် အာမခံ ရရှိထားကြောင်း သိရသည်။

“လူသားချင်း စာနာထောက်ထားမူနဲ ့ပိတ်မိနေတဲ့ပြည်သူ တွေလွတ်မြောက်လာရန်ဆန္ဒထုတ်ဖော်ခဲ့ကြ တဲ့ ကော်မတီဝင် (၃)ဦး ကို အသရဖျက်မူ နဲ ့ ဥပဒေ ပုဒ်မ (၅၀၀) နဲ ့တရားစွဲဆိုထားတယ်။ ကျနော် နဲ ့ကို Zau Jat က အာမခံ နဲ ့တရားဆိုင်ဖို ့အဆင်သင့်ဖြစ်နေပါပြီ။ ဆရာမ ဒေါ် Nang Pu က အခု ခရီးလွန် ခွင့်် တင်ထားပါတယ်” ဟု တရားခံ ဦး Lum Zawng မှ ပြောသည်။

မေ (၃)ရက်နေ့ သက်ဆိုင်ရာကို အသိပေးတင်ပြခြင်း မရှိဘဲ လူငယ် (၇၀၀) ပါဝင် ဆန္ဒပြဖော်ထုတ်ခဲ့သည့် အတွက် ဦးဆောင်သူ (၂)ဦး ကို မြစ်ကြီးနား မြို့နယ် ရဲ တပ်ဖွဲ ့ ရဲမှူး သန်းဦး မှ ငြိမ်းစုစီ ပုဒ်မ (၁၉)ဖြင့် တရားစွဲ ဆိုခဲ့ရာ ငွေဒဏ် ကျပ် ၃၀၀၀၀ စီ ဖြင့် အပြီးသတ် ခဲ့ခြင်းဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...