ကချင်လူငယ် သပိတ်စခန်း ခေါင်းဆောင် ၂ ဦးအား ငွေဒဏ် ချမှတ်

ကချင်လူငယ် သပိတ်စခန်း ခေါင်းဆောင် ၂ ဦးအား ငွေဒဏ် ချမှတ်

တိုက်ပွဲအတွင်း ပိတ်မိနေသော စစ်ရှောင်ပြည်သူများအား လွှတ်ပေးရန် ကချင်လူငယ် သပိတ် စခန်းကို ဦးဆောင်သော မ Sut Seng Htoi နှင့် ကို Lum Zawng တို့ တရားစွဲခံရမှု ငွေဒဏ် ကျပ် ၃၀၀၀၀ စီ ဖြင့် မြို့နယ် တရားရုံးမှ မေ (၉) ရက် နေ့မှာဘဲ အပြီးသတ် ပြစ်ဒဏ် ချလိုက်သည်။

မေ (၃) ရက်နေ့ သက်ဆိုင်ရာကို အသိပေးတင်ပြခြင်းမရှိဘဲ လူငယ်ထုသည် မနောကွင်း မှ သခင်နက်ဖေးလမ်း၊ ဆွမ်ပရာဘွမ်လမ်းအတိုင်း စီတန်းပြီး လူအင်အား ၇၀၀ ဖြင့် ဆန္ဒပြဖော်ထုတ်ခဲ့သည့်အတွက် ဦးဆောင်သူ ၂ ဦးကို မြစ်ကြီးနား မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးသန်းဦးမှ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။

“ကျမတို ့ကိုစွပ်စွဲ ချင်တာက ဥပဒေ ပုဒ်မ(၃)မျိုး နဲ ့ပါ။ ဒါပေမဲ့ ကျန်တဲ့ဥပဒ ပုဒ်မ(၂) က အပြစ်ခိုင်လုံမူမရှိတဲ့အတွက် ငြိ်မ်းစုစီ ဥပဒေ နှင့် တရားချမှတ်ပေးတယ်၊ ဘယ်လို ဥပဒေ နဲ ့ဘဲ ချ မှတ်မှတ် ကျမတို့က ရင်ဆိုင်ရမှာဘဲ” ဟု လူငယ် သပိတ်စခန်း တာဝန်ခံ တစ်ဦး မ Sut Seng Htoi က ပြောပါသည်။

သပိတ်စခန်း ခေါင်းဆောင် တာဝန်ခံနှစ်ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လည်း တိုင်းမှူးကိုယ်စား အမူဖွင့်ရန် ပြင်ဆင်နေကြောင်း ကြားသိရသော်လည်း တရားဝင်ကြေငြာ ပြောဆိုမူမရှိသေးကြောင်း တာဝန်ခံ ကို Lum Zawng မှ သိရသည်။

ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များ လွတ်မြောက်ရေးအတွက် လူငယ်ဆန္ဒပြပွဲနှင့် ဆုတောင်းပွဲများကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး နှင့် အခြား နေရာများမှာ ပြုလုပ်ခဲ့ပြီး ဆန္ဒပြ ဦးဆောင်သူများကို အစိုးရက ငြိမ်းစုစီ ပုဒ်မ (၁၉)ဖြင့် အရေးယူခဲ့ပါသည်။

ပိတ်မိ ပြည်သူများ လွတ်မြောက်ရေး လူငယ်များ တစ်ပတ်ကြာ ဆန္ဒပြခဲ့ပြီးနောက် အစိုးရသည် Lai Nawng Hku ဘက်ရှိ စစ်ရှောင် ၁၅၀ ကျော်ကို လွှတ်ပေးခဲ့ပြီ ဖြစ်ပါသည်။

ထို့ကြောင့် မနောကွင်းတွင် စုရုံးခဲ့သော အနယ်နယ်အရပ်ရပ်မှ ကချင်လူငယ်ထုသည် မေလ (၉)ရက်နေ့ မနက် မိမိနေရာ ပြန်သွားကြပြီ ဖြစ်ပါသည်။

သပိတ်စခန်းကို ယာယီ ပိတ်ထားခြင်းသာဖြစ်ပြီး လိုအပ်လာရင်ပြန်လည်လုပ်ဆောင်သွားမည်ဟု တာဝန်ခံ ကို Lum Zawng က ပြောသည်။

တနိုင်းမြို့နယ် Awng Lawt တိုက်ပွဲကြောင့် ၃ ပတ်ကျော် တောတောင်ထဲ ပိတ်မိပြည်သူ ၂၀၀၀ ကျော် အနက် အချို့သည် မြစ်ကြီးနား၊ နမ္မတီး နှင့် တနိုင်း စသည့် ခရစ်ယာန် အသင်းတော် စစ်ရှောင်စခန်းများသို့ ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...