နေအိမ်ခြံဝင်းထဲကောက်ရတဲ့လက်နက်ကြီးကျည်ကြီးပေါက်ကွဲလို့ ကလေး ၁ ဦးသေ ၂ ဦးဒဏ်ရာရ

နေအိမ်ခြံဝင်းထဲကောက်ရတဲ့လက်နက်ကြီးကျည်ကြီးပေါက်ကွဲလို့ ကလေး ၁ ဦးသေ ၂ ဦးဒဏ်ရာရ

ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း နမ္မတူမြို့နယ်နားဆိုင်းရွာတွင် ၄င်းတို့နေအိမ်ခြံဝင်းအတွင်း ဗွက်အိုင်တွင်ကျထားသည့် လက်နက်ကြီးကျည်တလုံးအား ကလေး ၃ ယောက်မှယူဆောင်ဆော့ကစားရာ ကျည်ကြီးပေါက်ကွဲသဖြင့် ၁ ကလေး ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်းသိရသည်။

မေလ ၇ ရက်နေ့က နေအိမ်ခြံဝင်းအနောက်ဘက်ရှိ ၀က်ခြံအတွင်း ၀က်စာများသွားဖြည့်စဉ် ကလေး ၃ ယောက်မှာ ခြံဝင်းအတွင်းကျထားသည့် လက်နက်ကြီးကျည် တလုံးကောက်ယူ စဉ် အဆိုပါကျည်ကြီး ပေါက်ကွဲခြင်းဖြစ်ပြီး ကလေးများအား ထိမှန် ဒဏ်ရာရရှိခဲ့သည်။

နားဆိုင်း ရွာသား စိုင်းပြားက" ဒီကျည်ကြီးက ရွှံ့ဗွက်ထဲမှာ ကျထားတယ်။ ကလေးတွေက ကောက်ယူပြီး ယူလာဆော့တာလေ။ ကျည်မှန်းမသိတော့ဆော့တာပေါ့။ အဲတာနဲ့ ကျည်ပေါက်တာ သူတို့ ၃ ယောက်ဒဏ်ရာအပြင်းအထန်ရတယ်။ လားရှိုးဆေးရုံပို့ရင်း လမ်းမှာ ၁ ယောက်သေသွားတယ်။ ကျန် ၂ ယောက်ကအခုလားရှိုးဆေးရုံမှာ" ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါလက်နက်ကြီးကျည်မှာ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့၏ ကျည်ဖြစ်ကြောင်းကိုမူ မသိရကြောင်း ၄င်းကဆိုသည်။

"ဒီဘက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေများတယ်။ ဘယ်တဖွဲ့ရဲ့ကျည်ကျထားမှန်းမသိဘူး။ တိုက်ပွဲလည်းခနခနဖြစ်နေတော့ လူထုရဲ့လုံခြုံရေးအတွက် အထူးစိုးရိမ်နေရတယ်။ "– ဟုဆက်လက်ပြောပြသည်။

ကလေး ၃ ယောက်မှာ ယောကျားလေး ၂ ယောက် မိန်းခလေး ၁ ယောက်ဖြစ်ပြီး သေဆုံးသူမှာ ယောက်ကျားလေး တယောက်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလက နားဆိုင်းရွာတွင် အစိုးရတပ်မတော်နှင့် တအာင်းတပ်ဖွဲ့ TNLA တို့တိုက်ပွဲဖြစ်ပွါးခဲ့သဖြင့် နားဆိုင်းရွာသားများ မန်စံ မိုင်းမု ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...