သီပေါမြို့နယ် အတွင်း ၂ ရက်ဆက်တိုက် အရပ်သား သေနတ်ပစ်ခံနေရ တဦးသေဆုံး

သီပေါမြို့နယ် အတွင်း ၂ ရက်ဆက်တိုက် အရပ်သား သေနတ်ပစ်ခံနေရ တဦးသေဆုံး
by -
နန်းဆိုင်နွမ်
သီပေါမြို့နယ် ရေပူ (ကြံခင်း) ကျေးရွာ အနီးတွင် ကုန်တင်ကား တစီးကို အမည်မသိ လက်နက်ကိုင် ဆောင်သည့်အဖွဲ့ က ပစ်သတ်သည့်အတွက် ကားသမား တဦးသေဆုံး
သီပေါမြို့နယ် ရေပူ (ကြံခင်း) ကျေးရွာ အနီးတွင် ကုန်တင်ကား တစီးကို အမည်မသိ လက်နက်ကိုင် ဆောင်သည့်အဖွဲ့ က ပစ်သတ်သည့်အတွက် ကားသမား တဦးသေဆုံး

ရှမ်း (သျှမ်း)ပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်တွင် ၂ ရက်ဆက်တိုက် အရပ်သား ၄ ဦးအား အမည်မသိ လက်နက် ကိုင်လူတစုက ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ရာ တဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိ သည်။

ဖြစ်စဉ်မှာ မေလ ၈ ရက်နေ့က သီပေါမြို့နယ် ရေပူ (ကြံခင်း) ကျေးရွာ အနီးတွင် ကုန်တင်ကား တစီးကို အမည်မသိ လက်နက်ကိုင် ဆောင်သည့်အဖွဲ့ က သေနတ်ဖြင့် ပစ်သည့်အတွက် ကားသမား တဦးသေဆုံးကာ ယာဉ်နောက်လိုက် ၂ ဦး ကျည်ထိမှန်ခဲ့ကြောင်း နယ်စည်းမခြား ပရဟိတ အဖွဲ့မှ စုံစမ်းသိရှိရသည်။

ထိုနည်းအတူ မေလ ၉ ရက် မနက်ပိုင်းတွင်လည်း သီပေါမြို့နယ် ကုန်းသာကျေးရွာ တွင်နေထိုင်သည့် ဒေသခံ စိုင်းကျော်ဦး ကိုလည်း အမည်မသိ လက်နက်ကိုင်လူတစုက ပစ်ခတ်ရာ ခြေထောက်တွင်ဒဏ်ရာရခဲ့ ကြောင်း နယ်စည်းမခြား ပရဟိတ အဖွဲ့မှ ကိုမျိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ၂ရက်ဆက်တိုက် အရပ်သားကို ထိတယ်။ ဘယ်အဖွဲ့ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့ကို ဖုန်းဆက် အကူအညီတောင်းလို့ ကျနော်တို့ ဒဏ်ရာရတဲ့သူတွေကို သီပေါဆေးရုံပို့ခဲ့ရတယ်။ မနေ့က ကားသမား ကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျန်တာတော့ ခြေထောက်ထိတယ်။ စိုးရိမ်စရာ မရှိဘူး” ဟု ကိုမျိုးက ဆိုသည်။

ထိုသို့သော ခရီးသွား ပြည်သူလူထုအား လက်နက်ကိုင်အဖွဲ့က သေနတ်ပစ်ခတ်နေသည့်အပေါ် လူထုလုံခြုံမှုကို ခြိမ်းခြောက်နေသည့် သဘောဖြစ်ကြောင်း၊ စစ်ပွဲများလည်း အမြန်ရပ်ဆိုင်းသင့်ပြီဖြစ်ကြောင်း ကားသမား စိုင်းအိုက် ကပြောသည်။

“ ဒီလမ်းက ခဏခဏ ဖြစ်နေတော့ ကိုယ့် အလှည့် ဘယ်တော့လဲဆိုတာတော့ တွေးပြီးကြောက်နေရတယ်။ ကားမမောင်းလည်း မရဘူးလေ။ စစ်ပွဲတွေလည်း ရပ်သင့်ပါပြီ” ဟု စိုင်းအိုက်က ဆိုသည်။

သီပေါမြို့နယ်အတွင်း မြန်မာ့တပ်မတော် ၊ သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော်( SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ လှုပ်ရှား သွားလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း သီပေါမြို့နယ်အတွင်း နွားများတင်ဆောင်လာသည့်ကားအား လက်နက်ကိုင်အဖွဲ့ တဖွဲ့က ပစ်ခတ်ရာ အစိုးရတပ်မတော်က လိုက်လံပစ်ခတ်သဖြင့် ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...