တောလမ်းဖြင့် Awng Lawt စစ်ရှောင် (၁၄၂)ဦး မြစ်ကြီးနားသို့ ထွက်ပြေး ရောက်ရှိ

တောလမ်းဖြင့် Awng Lawt စစ်ရှောင် (၁၄၂)ဦး မြစ်ကြီးနားသို့ ထွက်ပြေး ရောက်ရှိ

မြန်မာစစ်တပ်၏ ပိတ်ပင်တားဆီးခြင်း ခံရနေရသော တနိုင်းမြို ့နယ် Awng Lawt ရွာမှ ပြည်သူ(၁၃၂)ဦး သည် တောလမ်းဖြင့် မေ (၈)ရက်နေ့မှာ မြစ်ကြီးနားမြို့ Jaw Masat နှစ်ခြင်းခရစ်ယာန် အသင်းတော် ကို ထွက်ပြေး ရောက်ရှိလာသည်။

စစ်ရှောင် မိသားစုပေါင်း (၃၃) ခု ဖြစ်ပြီး ရက်ပေါင်း (၃) ပတ််ကျော် တောလမ်းအတိုင်း ထွက်ပြေးလာရာမှ ယခု မြစ်ကြီးနားကို ရောက်ရှိလာခြင်း ဖြစ်သည်။ 

လွန်ခဲ့သည့် ဧပြီလ (၁၁) နေ ့စ၍ တပ်မတော်ဘက်မှ Awng Lawt (အောင်လော့ဒ်) ရွာ အနီးသို် ့လက်နက်ကြီးများ လေယဉ်များဖြင့် တိုက်ခက်ပစ်ခတ် လာသောကြောင့် ရွာသားများ ခြေဦးလှည့်ရာသို့ ထွက်ပြေးလာ ခြင်းဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်လာ သူ ဒေါ် Labyu Htoi Ra က ပြောသည်။

“တောတောင်တြွေကားမှ ဖြတ်ပြီးလာခဲ့ရတယ်၊ အစားအသောက်တွေလဲ အရမ်းကို ခက်ခဲ့ရတယ်၊ ကလေးတွလည်းပါတော ့လေ အစာထက် ကလေးတွေကို ပိုပြီးဂရုစိုက်လာရ တာကြောင့် စားနပ်ရိက္ခာ တွေများများ ပါမသွားလိုက်ရဘူးလေ” ဟု သူမ က ပြောသည်။

စစ်ရှောင်များသည် တောတောင်များကြား (၁၁) ရက်ကြာ ထွက်ပြေးလာရခြင်းဖြစ်သည်။ လမ်းခရီးတွင် အစားအသောက်အတွက် တောထဲတွင်းထွက် သစ်သီး သစ်ရွက်များနှင့် ချောင်းများမှ ငါးငယ်လေးများ ကိုသာ ဖမ်းယူစားသောက်ကာ မှီခိုခဲ့ရကြောင်း လွတ်မြောက်လာသူ Hpauda Mung Ban က ပြောပါသည်။ 

“ရွာအတွင်း တပ်မတော်၏ လက်နက်ကြီးများ ကျရောက်တာ ကြောင့် လူတစ်ဦး သေဆုံးရပြီး နှစ်ဦး ဒဏ်ရာ ရခဲ့တယ်” ဟု ပြော သည်။

ထွက်ပြေးလာသူများတွင် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ မွေးခင်းစကလေးများလည်း ပါဝင်ကြောင်းသိရသည်။

ထို့အပြင် ကျောင်းဖွင့်ချိန်ရောက်လာသည့်အတွက် ယခုနှစ် မိမိတို့ သားသမီး စာသင်နှစ်အတွက်လည်း ပူပန်နေရပါသည်ဟု မိဘများက ပြေဆိုပါသည်။

ယမန်နေ့က အသစ်ထပ်မံ ရောက်ရှိလာသော Awng Lawt စစ်ရှောင်အသစ်များကို လက်ရှိ မြစ်ကြီးနား ဂျော်မဆတ် အသင်းတော်တွင် ထားရှိပြီး တတ်နိုင်သမျှ ကူညီမှု ပေးနေကြောင်း အသင်းတော် တာန်ခံ ဆရာ Kadung Joseph က ပြောပါသည်။

“မနေ ့ကရောက်လာကြတာပါ ကျွန်တော်တို့လည်း ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ဘူးလေ။ နေဖို့ အဆောက်အုံတွေက ဆောက်နေရဆဲ။ အိမ်သာ ကျင်းဆိုရင် မနေ့ညကပဲ မီးထွန်းပြီးတူးရတယ်” ဟု သူကပြောသည်။

အစားအသောက်နှင် ့ပတ်သက်၍လည်း လက်ရှိအချိန် အသင်းသားများက အချင်းချင်း ကူညီမှုဖြင့် ကျွေးမွေး စောက်ရှောက်ထားခြင်းဖြစ်ကြောင်းလည်း ပြောပြသည်။

Awng Lawt ရွာမှ ပြည်သူများ သည် မြစ်ကြီးနားမြို ့တွင် သာမက တနိုင်းမြို့၊ နမ္မတီးမြို့၊ မိုင်းနား စသည့် နေရာများသို ့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...