မြေယာအရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာ ဦးဆောင်ပြီး ပါတီ ဖွဲ့စည်း

မြေယာအရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာ ဦးဆောင်ပြီး ပါတီ ဖွဲ့စည်း

ကချင်ပြည်နယ် အတွင်း အစိုးရအာဏာပိုင်များ နှင့် ဒေသခံများကြား မတရား မြေယာသိမ်းဆည်းမှုများမှာ ပါဝင်ကူညီပေးနေသော မြေယာအရေးလှုပ်ရှားသူ ဒေါ်ဘောက်ဂျာ ဦးဆောင်ပြီး ကချင််််ပါတီအသစ် တစ်ခု ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါသည်။

အဆိုပါ ပါတီသစ်၏ အဖွင့်ဆုတောင်းအပ်နှံခြင်း အစီစဉ်ကို မေလ(၅)ရက်နေ့ မြစ်ကြီးနား တွင် ပြုလုပ်ခဲ့ပြီး ပါတီ၏ အမည်ကို ‘ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ’ (PAWNG YAWNG RAM RAWT HPUNG) ဟု အမည်ပေးခဲ့ကြောင်း သိရသည်။

ပါတီသစ် ထူထောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပြည်နယ်အတွင်း ဆုံးရှုံးနေသော ပြည်သူများ၏ မြေယာများ ပြန်လည်ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်ဖြစ်သည်ဟု ပါတီဥက္ကဌ ဒေါ်ဘောက်ဂျာ မှ ပြောကြားသည်။

“မြေယာတွေ ဆုံးရှုံးရင် ကျွန်မတို့ တိုင်းပြည်ပျက်စီးလာမယ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း မြေယာတွေဆုံးရှုံးနေရင် အလကားဘဲ၊ ယခုချိန််ထိ အစိုးရ ခွင့်ပြုတဲ့ ကုမ္ပဏီတွေက နည်းလမ်းမျိုးမျိုးနဲ့ ဒေသခံတွေရဲ့ မြေယာ မတရားသိမ်းယူမူတွေ လုပ်ဆောင်နေတယ်။ ဒါတွေကိုတရားသေားနည်းနဲ့ လုပ်ဆောင်ရွက်သွားမယ်” ဟုုု ပြောကြားခဲ့ပါသည်။

မိမိမြေယာကို မိမိ ပြန်လည်ပိုင်ဆိုင်ရေး နှင့် ကိုယ်တိုင် ထိန်းကျောင်းနိုင်သော အဆင့်ထိရောက်အောင် ဖက်ဒရယ်ကို စနစ်ကို အဓိကထားပြီး ဆောင်ရွက်သွာမည်ဖြစ်သည်ဟု ဒေါ်ဘောက်ဂျာက ပြောဆိုခဲ့ပါသည်။

ယင်းပါတီအဖွဲ့ကို ၂၀၁၇ ခုနှစ်ကစပြီး မှတ်ပုံတင်ခဲ့ရာ တရားဝင်ပါတီခွင့်ပြုမိန် ့သည် ၂၀၁၈ ဇန်နဝါရီ လတွင် ရရှိခဲ့ကြောင်း သိရပါသည်။

ပါတီကို ပြည်ထောင်စုအဆင့်ထိ လုပ်ဆောင်သွားမည်ဖြစ်ပြီ မဟာမိတ်များနှင့် ဖွဲ ့စည်ပြီး အစိုးရတစ်ခုတည်းဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်သည် ဟုဆက်လက်ပြောဆိုခဲ့ပါသည်။

‘ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ (United Nationalities Federal Democracy Party, UNFDP’ အနေဖြင့် ကချင်နိုင်ငံရေးပါတီများဖြစ်သည့် ကချင်ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)၊ ကချင်အမျိုးသားကွန်ကရက် (KNC) နှင့် ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ (UDPKS) ပါတီတို့ ပါဝင်သည့် ပါတီပေါင်းစည်းရေးတွင် ပါဝင်မည်မဟုတ်သော်လည်း လူထုအကျိုး ဆောင်ရွက်မှုများတွင် လက်တွဲသွားမည်ဟု ဒေါ်ဘောက်ဂျာက ပြောဆိုပါသည်။

“ပါတီ မပေါင်းဖြစ်တဲ့ အကြောင်းရင်းက အမြင်မူဝါဒ မတူတာတွေကြောင့် ဖြစ်တယ်။ ဒါပေမယ့် လုပ်ငန်းဆောင်ရွက်တဲ့ အခါတွေမှာတော့ ဆွေးနွေးတိုင်ပင်မူတွေ လုပ်ဖြစ်တယ်။ ပြည်သူလူထုဖွံ ့ဖြိုးတိုးတက်ရေး အတွက်ပူးပေါင်းရွက်ရန်ရှိတယ်” ဟု ပြောဆိုခြင်းဖြစ်သည်။

ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ခုနှစ် မှ စတင်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) မြစ်ကြီးနား ဥက္ကဌအဖြစ် နှစ်ရှည် ဆောင်ရွက်ခဲ့သော်လည်း အမြင်ဝါဒကွဲလွဲမူတွေကြောင့် ၂၀၁၆ ခုနှစ်တွင် ရပ်နားခဲ့ပါသည်။

ထို့နောက် ယခု အသစ်ပြန်လည် ဖွဲ့စည်းထားသည့် ‘ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ’ ပါတီ ဥက္ကဌ တာဝန်အဖြစ် ပြန်လည်ထမ်းဆောင်နေခြင်း ဖြစ်ပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...