ရှမ်းပြည်နယ်စည်ပင်ဌာန ပွင့်လင်းမြင်သာမှု ရှိရှိ ဆောင်ရွက်ရန် စည်ပင်ဝန်ကြီး ပြော

ရှမ်းပြည်နယ်စည်ပင်ဌာန ပွင့်လင်းမြင်သာမှု ရှိရှိ ဆောင်ရွက်ရန် စည်ပင်ဝန်ကြီး ပြော
by -
ယိင်းတိုင်း
မေလ(၇) ရက်နေ့ကကျင်းပပြုလုပ်သော စည်ပင်သာယာရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
မေလ(၇) ရက်နေ့ကကျင်းပပြုလုပ်သော စည်ပင်သာယာရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ရှမ်း(သျှမ်း)ပြည်နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ အထင်လွဲမှားမှုမရှိစေရန် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ကြောင်း သျှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း ကပြော သည်။

တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် မေလ(၇) ရက်နေ့ကကျင်းပပြုလုပ်သော စည်ပင်သာယာရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စည်ပင်ဝန်ကြီး မှ ယင်းသို့ တိုက်တွန်း ပြောကြားလိုက်ခြင်းဖြစ်သည် ။

စည်ပင်သာယာရေးဌာနများမှ ဘဏ္ဍာ နှစ်အလိုက် ရငွေ/သုံးငွေ ဆိုင်ရာ ငွေစာရင်းများကို ပြည်သူများ သိရှိစေရန် မီဒီယာများကိုအသုံးပြု၍ သတင်းထုတ်ပြန်သင့်ကြောင်း ၊ ဌာနတွင်းပြုပြင်ပြောင်းလဲ ရန်လိုအပ်ပြီး မျှဝေဖလှယ် နိုင်ရန် စသည့် အချက်များကို ရည်ရွယ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်သည်ဟု ၄င်းကဆိုသည် ။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေလ ရ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သျှမ်းပြည်နယ်တွင်းရှိ မြို့နယ်ခွဲ ရ၅ မြို့နယ်မှ စည်ပင်ဌာန အမှုဆောင်အရာရှိများ တက်ရောက်ဆွေးနွေးခဲ့ သည်ဟု သိရှိရပါသည် ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...