ယခုနှစ်အပူပိုင်းရာသီ ယခင်နှစ်များထက် အင်းလေးကန် ရေကျန်ရှိနေ

ယခုနှစ်အပူပိုင်းရာသီ ယခင်နှစ်များထက် အင်းလေးကန် ရေကျန်ရှိနေ
by -
ယိင်းတိုင်း
ယခင်နှစ်က အင်းလေးကန်ရေခမ်းခြောက်ပုံ
ယခင်နှစ်က အင်းလေးကန်ရေခမ်းခြောက်ပုံ

ရှမ်း(သျှမ်း)ပြည်နယ်တောင်ပိုင်း ၊ အင်းလေးကန်ဒေသတွင် အပူပိုင်းရာသီ ဖြစ်သော ဧပြီ၊ မေလတို့တွင် နှစ်စဉ်ရေခမ်းခြောက်မှုများဖြစ်ပွားလေ့ရှိရာ ယခုနှစ်အင်း လေးကန် ရေ သည်ယခင်နှစ်များထက်ရေပိုမိုကျန်ရှိနေသေးကြောင်း အင်းလေး ဒေသခံများထံမှသိရသည် ။

“ အင်းရေကတော့နှစ်တိုင်းထက်စာရင် မကျတော့ဘူး ၊ ရေရှိလာတယ် ။ အင်းထဲမှာ တာတွေရိုက် ၊ လက်လုပ်ဆည်တွေရိုက် ထားလို့ ရေတွေ ကျန်နေတာပေါ့ ။ ခါတိုင်း နှစ်ဆိုဒီချိန်မြေတွေကွဲအက်တဲ့အထိ ဖြစ်ပြီး သွားလာရတာခက်ခဲ့ တာပေါ့ ” ဟု အင်းလေးဖော်တော်ဦးဘုရားကော်ပက ဥက္ကဌ ဦးထွန်းအောင်ကပြောသည် ။

အင်းလေးကန် နှစ်စဉ်ရေခန်းခြောက်သည့်လမှာ တပေါင်း ၊ တန်ခူး၊ ကဆုန် လ တို့ဖြစ်ပြီး ၊ အင်းရေများသည် လွိုင်ကော် လောပီတ အထိစီးဆင်းလေ့ရှိ သောကြောင့် ရေများတောင့်ခံနိုင်ရန် ဆည်များများဆောက်ခြင်း ပြုလုပ်သင့် ကြောင်း ၄င်းကဆက်ပြောသည် ။

“အဓိကကျနော်တို့အင်းလေးရေခန်းခြောက်ရတဲ့ပြဿနာက တောင်ပေါ်မှာ မြေက တုံးတွေဖြစ်နေတော့ မိုးခေါင်လာတာပေ့ါ ၊ ဒီနှစ်မိုးကောင်း ကောင်းမ ရွာသေးဘူး ၊ လှေကားထစ် စိုက်ပျိုးနည်းကို လည်းမသုံးကြ တော့ဘူး၊ ဟိုတယ်ဇုန်လုပ်နေတဲ့ နေရာက နှုန်းမြေတွေအင်း ထဲကိုဝင်ရောက်လာတယ် ဟိုတယ် ဇုန်လုပ်ငန်း က တစ်ဘက်ကတိုးတက်ပြီး တစ်ဘက်မှာ ဆုတ်ယုတ် တယ် ဒါတွေကအဓိကပြဿနာ ဖြစ်တယ်” ဟု တာလေးရွာနေ ဒေသခံ ကိုထွန်းရွှေက ရှင်းပြသည် ။

ယခုနှစ်ပိုင်းများတွင် အင်းလေးကန်ဒေသနေရာတစ်ချို့၌ ရေခမ်းခြောက်မှု ကာကွယ်နိုင်ရန် ဆည်များ၊ တာများ လက် လုပ်ဆည်များ ဆောက်ထား သည်ဟုသိရသည် ။

အင်းလေးဒေသတွင် စပါး ၊ ခရမ်းချဉ်သီး ၊ငရုပ်သီး၊ ဘူးသီး ခရမ်းသီး၊ မုန်လာထုတ် စသည့်သီးနှံများစိုက်ပျိုး လျှက်ရှိပြီး တိုက်နယ် ပေါင်း (၄၃)ခုရှိကာကျေးရွာပေါင်း (၄၄၄) ရွာရှိသည် ။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...