မြေယာသိမ်းဆည်းသည့်ကိစ္စ လွှတ်တော်တိုင်ကြားစာစီစစ်ရေးကော်မတီထံပို့မည်ဟု လွှတ်တော်အမတ်ပြော

မြေယာသိမ်းဆည်းသည့်ကိစ္စ လွှတ်တော်တိုင်ကြားစာစီစစ်ရေးကော်မတီထံပို့မည်ဟု လွှတ်တော်အမတ်ပြော
by -
ယိင်းတိုင်း
ညောင်ရွှေ မြို့နယ် ၊ မိုင်းသောက်ကျေးရွာအုပ်စုတွင် ဧပြီလ ၃၀ ရက်နေ့က အသိမ်းဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒ ထုတ်ဖော်ခဲ့ကြ
ညောင်ရွှေ မြို့နယ် ၊ မိုင်းသောက်ကျေးရွာအုပ်စုတွင် ဧပြီလ ၃၀ ရက်နေ့က အသိမ်းဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒ ထုတ်ဖော်ခဲ့ကြ

ညောင်ရွှေမြို့နယ်အတွင်း မြေယာသိမ်းဆည်းမှုကိစ္စနှင့်ပတ်သက်၍ လွှတ်တော်တိုင်ကြားစာ စီစစ်ရေး ကော်မတီထံပို့ရန် စီစဉ်နေကြောင်း ညောင်ရွှေမြို့ နယ်မဲဆန္ဒနယ် အမှတ်(၁) ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ကပြောသည်။

ညောင်ရွှေ မြို့နယ် ၊ မိုင်းသောက်ကျေးရွာအုပ်စုတွင် ဧပြီလ ၃၀ ရက်နေ့က အသိမ်းဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြရာတွင် ထိုသို့ဆိုလိုက်ခြင်းဖြစ်သည် ။

“ ဒီမဲဆန္ဒနယ်ကလွှတ်တော် ကိုယ်စားလှယ်တွေကို ကျနော်တို့ စာနဲ့အလီလီ ၊ ဖုန်းနဲ့အခါခါ ဆက်သွယ်ပြီး ဒီကိစ္စကို ကွင်းဆင်းစစ်ဆေးပေးဖို့ အကူအညီ တောင်းခဲ့တယ် ၊ တစ်ခါမှ လာရောက်ဆွေးနွေးပေးတာမျိုးမရှိဘူး ” ဟု မိုင်းသောက် ကျေးရွာအုပ်စု မီးသွေးဖုတ် ကျေးရွာ နေတောင်သူတစ်ဦး ဖြစ်သည့် ကိုကျော်သူ ကပြောသည် ။

“ ဒါကတော့ အစိုးရအလုပ်ဗျ ၊ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်က ကြား ၀င်ညှိနှိုင်းပေးလို့ပဲရမယ် ကျနော်တို့ဆုံးဖြတ်ပေးလို့မရဘူးဗျ ။ကျနော်ပြောတယ်လေ မြေတိုင်းစစ်တို့ ဘာတို့တိုင်ကြား စာ စစ်ဆေးတို့ဆီ စာတင် လိုု့ပြောတာ သူတို့မှ မတင်တာ ။ သူတို့က ကျနော့ဆီဖုန်းနဲ့ပဲဆက် သွယ်တယ် ၊ လူကိုယ်တိုင်သွားတော့ လည်းမတွေ့ ဘူးဗျ ” ဟု ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ကဆက်ပြောသည် ။

မိုင်းသောက်ကျေးရွာအုပ်စု ၊ ပါနွေးမြောက်ရွာ ၊ ပါနွေး အလယ်ရွာ ၊ ပါနွေး တောင်ရွာ ၊ မီးသွေးဖုတ်ရွာ နှင့် ပေပင်ကုန်းရွာ စသည့် ရွာ (၅ ) ရွာမှ ဒေသခံတောင်သူ (၂၁)ဦး၏ လယ်ယာမြေ ဧက ၄၃.၉ အား ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာနမှ ၁၉၉၁ ခုနှစ်ကသိမ်းဆည်းခဲ့ပြီး ၂၀၀၈ ခုနှစ်အထိ စိုက်ပျိုးရေးများပြန်လည်လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း ယင်းနောက်ပိုင်း တွင် မြတ်မင်္ဂလာဟိုတယ်နှင့် Villa Innlay ဟိုတယ် များထံငှားရမ်းထားပြီး ကျန်မြေများမှာ ပလပ်မြေများ အဖြစ်ရှိနေသည်ဟု ပါနွေးအလယ်ရွာနေ ဦးအောင်ကျော် ကရှင်းပြသည်။

ယင်းသိမ်းဆည်းခံ မြေယာများနှင့်ပတ်သက်၍ တောင်သူများမှ ဌာန အသီးသီးတွင်တင်ပြ ခဲ့သော်လည်း မည်သည့်ဌာနမှလာရောက် ဆွေးနွေး ညှိနှိုင်း အဖြေရှာပေးခြင်း မရှိသည့်အတွက် ဒေသခံ တောင်သူများ မှ ဧပြီလ ၃၀ ရက်နေ့ကလမ်းလျှောက် စီတန်းလှည့်လည်ဆန္ဒပြခဲ့ခြင်းဖြစ် သည်ဟု တောင်သူများထံဆက်လက် သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...