ပိတ်မိစစ်ရှောင်များမှ ဧည့်သည်နှင့် ကျောင်းသားကိုသာ လွှတ်ပေးမည်

ပိတ်မိစစ်ရှောင်များမှ ဧည့်သည်နှင့် ကျောင်းသားကိုသာ လွှတ်ပေးမည်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရွှေမှော်များရှိသော Lai Nawng Hku ဒေသ တိုက်ပွဲနယ်မြေအတွင်း ပိတ်ဆို ့ခံနေရသော စစ်ရှောင်ပြည်သူ ၁၆၀ ကျော် အနက် ဧည့်သည်များ နှင့် ကျောင်းသားများကိုသာ လွှတ်ပေးမှာဖြစ်ပြီး ဒေသခံများကို လွှတ်ပေးမည်မဟုတ်ကြောင်း တပ်မတော်တာဝန်ရှိသူများ ပြောဆိုနေသည်ဟု ဆိုပါသည်။ 

ဒေသခံ မဟုတ်သော ဧည့်သည်များနှင့် ကျောင်းသားများ၏ အမည်စာရင်း၊ အိမ်ထောင်စုစာရင်း၊ နေရပ်လိပ်စာ စသည်တို့ကို စီစစ်ကောက်ခံ ရွေးထုတ်ပြီးမှသာ တစ်ပတ်အတွင်း တပ်မတော်မှ လွှတ်ပေးမည်ဟု ပြောဆိုချက်ကို Kahtan Yang ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“တပ်မတော်က ကျောင်းတက်တဲဲ့ကလေးတွေ၊ ဒေသခံမဟုတ်တဲ့ ဧည်သည့်တွေ အသင်းတော်က စေတနာ့ဝန်ထမ်း ဆရာတွေ အားလုံးရဲ ့့စာရင်းအတိအကျကို ကောက်ယူပြီး မြို ့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခိုင်းနေတယ်” ဟု Kahtan Yang ကျေးရွာ အုပ်ချုပ်ရေးမှူးက ကချင်သတင်းဌာန ကို ပြောသည်။

ထို့ကြောင့် စစ်ရှောင်ပြည်သူများ လွတ်မြောက်လာနိုင်ရန် မှာ အလွန်ခက်ခဲသည့် အခြေအနေ တွင်ရှိနေကြောင်း ၎င်းက ဆက်ဆိုသည်။

ထို့အပြင် တနိုင်းမြို့နယ် Awng Lawt တိုက်ပွဲနယ်မြေအတွင်း ပြည်သူများလည်း လုံခြုံရာကို ထွက်မလာနိုင်သေးဘဲ တောတောင်ထဲတွင် ပိတ်မိနေဆဲ ဖြစ်ပါသည်။

ပိတ်ဆို ့ခံ စစ်ရှောင်ပြည်သူများ အမြန်ဆုံး လွတ်မြောက်လာနိုင်ရေးအတွက် ကချင်လူငယ်ထု၏ ဆန္ဒဖော်ထုတ်သည့် အစီစဉ်ကိုလည်း မြစ်ကြီးနားတွင် နည်းလမ်း အမျိုးမျိုးဖြင့် ယခုချိန်ထိ ဆက်လက်ပြုလုပ်နေသည်ကို တွေ့ရပါသည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...