SSPP ကျင်းပသည့် SSA တပ် မွေးနေ့ပွဲ RCSS နှင့် UWSA တက်ရောက်

SSPP ကျင်းပသည့် SSA တပ် မွေးနေ့ပွဲ RCSS နှင့် UWSA တက်ရောက်
by -
နန်းဆိုင်ဖူး

၅၄ နှစ်မြောက် ရှမ်း (သျှမ်း)ပြည်တပ်မတော် မွေးနေ့အထိမ်းအမှတ်ကို သျှမ်းပြည်တိုးတက်ရေးပါတီမှ ဦးစီးပြီး သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ ၀မ့်ဟိုင်းဌာနချုပ်တွင် အခမ်းအနားကျင်းပရာ မဟာမိတ်တပ်များတက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) မှကိုယ်စားလှယ်များ၊ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ကိုယ်စားလှယ်များ၊ မိုင်းလားတပ်ဖွဲ့ NDAA ကိုယ်စားလှယ်များ ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မှကိုယ်စားလှယ်များ၊ သျှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ SNDP ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

“ဒီနှစ်တော့ ထူးခြားတယ်။ ကျနော်တို့မဟာမိတ်တပ်တွေတက်ရောက်လာကြတယ်။ ၀ UWSA ကကိုယ်စားလှယ် စိုင်းဆမ်လာတယ်။ မိုင်းလား NDAA ကိုယ်စားလှယ် ဗိုလ်မှူးကြီး စဝ်ဆိုင်လား လာတယ်။ ကျားဖြူပါတီက စိုင်းခင်အုန်းနဲ့ RCSS/SSA ကိုယ်စာလှယ် ဗိုလ်မှူးကြီး စဝ်အောင်မြ တို့တက်ရောက်တယ်။ ပွဲက မှန်းထားတာထက်ပိုကြီးသွားတယ်။ ဒါကကျနော်တို့စည်းလုံးမှု အပြုသဘောဆောင်တဲ့ လက္ခဏာပြတယ်။ ကောင်းတဲ့ရလာဒ်တော့ရလာမှာပါ”- ဟု SSPP/SSA ၏ အတွင်းရေးမှူး ၂ ဒုတိယဗိုလ်မှူးကြီးစိုင်းဆု က ပြောသည်။

ဧပြီလ ၂၄ ရက် မနက် ၆ နာရီခွဲကတည်းက အခမ်းအနား စတင်ကျင်းပခဲ့ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ / သျှမ်းပြည်တက်မတော်၏ နာယက ဗိုလ်ချုပ်ကြီးဆေထင် အပါအဝင် တာဝန်ရှိသူများ အခမ်းအနားတက်ရောက်သူ စုစုပေါင်း ၄၀၀၀ ခန့်ရှိပါသည်။

“ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဘဲနေနေ အရေးမကြီးဘူး။ အချင်းချင်းနားလည်ဖို့ဘဲ။ အခုချိန်က အရေးကြီး တဲ့အချိန်။ အချင်းချင်းဆွေးနွေးနိုင်တာအရမ်းကိုကောင်းတဲ့လက္ခဏာဖြစ်နေပြီ။ အရင်ကတဖွဲ့နဲ့တဖွဲ့ မျက်နှာ ချင်း ဆိုင်ဖို့တောင်ခက်ခဲတယ်လေ။ အခုဒီလိုလာတွေ့ဆုံတော့ ဆွေးနွေးတိုင်ပင်လို့ရတယ်။ ပြသနာတွေဖြေရှင်းလို့ရတယ်”- ဟု SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်ကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်သည် ၁၉၆၄ ခုနှစ်က ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက် ၏မဟာဒေဝီ စဝ်နန်းဟိန်းခမ်းက ဦးဆောင်တည်ထောင်ခဲ့ပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...