နမ္မတီး ဇွပ်မိုင်ယန် စစ်ရှောင်များ ကို သွားရောက်ခေါ်ယူ

နမ္မတီး ဇွပ်မိုင်ယန် စစ်ရှောင်များ ကို သွားရောက်ခေါ်ယူ

နမ္မတီးမြို့ ကဆုန်းကျေးရွာဘက် တိုက်ပွဲကြောင့် တောထဲ ၃ ရက် ထွက်ပြေး ိလမ်းလျှောက်ခဲ့ရသော ဇွပ်မိုင်ရွာသားများကို ယနေ ့ဧပြီ ၂၂ ရပ်နေ ့တွင် မြစ်ကြီးနားမြို့နယ် ခရစ်ယာန် ဂိုဏ်ပေါင်းစုံအဖွဲ့က နမ်ကျင် လယ်တောမှ သွားရောက်ကြိုခဲ့သည်။

“တပ်မတော် ပစ််ခတ်လိုက်သောလက်နက်ကြီးတွေ ကျတော်တို ရွာ အနီးတစ်ဝိုက် အများကြီးလာကျတယ်။ ကျွန်တော်တို ့မနည်းထွက်ပြေးလာခဲ့ရတယ်။ တောတောင်တွေထဲ ကုတ်ပြီးသွားလာခဲ့့ဲရတယ်” ဟု စစ်ရှောင်တစ်ဦး ပြောပြပါသည်။

လူဦးရေ (၁၇၆)ခန် ့ ရှိသော Zup Mai ရွာမှ စစ်ပြေးဒုက္ခသည်များကို နမ်ကျင် RC ဘုရာကျောင်းထဲ ယနေ့ ခေတ္တ အနားယူစေပြီး လဝက အဖွဲ ့လူဦးရေ စီစစ်မှုပြုလုပ်ခဲ့ပါသည်။

ထို့နောက် စစ်ရှောင်များကို် နမ္မတီးမြို့ ကတ်သလစ် ဘုရားကျောင်းဝင်းထဲ နေရာချ နေထိုင်သွားမှာဖြစ်ကြောင်း သိရပါသည်။

ခရစ်ယာန်ဂိုဏ်း ပေါင်းစုံမှ ခေါင်ဆောင်များ၊ လူမှုအဖွဲ ့အစည်းများ နှင့် PCG များ စုစုပေါင်း ကား ၁၅ စီးဖြင့်သွားရောက် ကြိုခဲ့သည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...