မူစယ်မြို့ပေါ်ရက်ဆက် ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံများလုံခြုံရေးအထူးစိုးရိမ်နေ

မူစယ်မြို့ပေါ်ရက်ဆက် ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံများလုံခြုံရေးအထူးစိုးရိမ်နေ
by -
နန်းဆိုင်နွမ်

ရှမ်း(သျှမ်း)ပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့တွင် ရက်ဆက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ဒေသခံများ သွားရေးလာရေး၊လုံခြုံရေးအတွက် အထူးစိုးရိမ် မှုရှိနေကြောင်း သတင်းရရှိသည်။

ဧပြီ ၁၈ ရက်က မူစယ် စက်မှုဇုံ တွင် ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ၊ ဧပြီ ၁၉ ရက်က ပြည်ထောင်စု လမ်းမကြီး အင်းဝဘဏ် အနီးရှိ အမှိုက်ပုံတွင် ဗုံးတလုံးပေါက်ကွဲခဲ့ကြောင်း မူစယ် ဒေသခံများက ပြောပြသည်။

“ [မနေ့]ည က ပေါက်တဲ့ မိုင်း ကအသံအရမ်းကျယ်တယ်။ ကျမတို့ အိမ်ထိတောင်တုန်တယ်။လူထိခိုက်မှုတော့ မရှိဘူး” ဟု မူစယ်မြို့ မိုင်းပေါက်တဲ့ နေရာ အနီးတွင် နေထိုင်သည့် နန်းမွေ က ပြောသည်။

မကြာခဏ ဗုံးပေါက်ကွဲမှု များ ဖြစ်ပွားနေသဖြင့် ဒေသခံ အနေဖြင့် ည အိမ်ပြင်ထွက်ရန် စိုးရိမ်မှုများရှိနေကြောင်း၊ နေထိုင်သွားလာရေးအတွက်လည်း လုံခြုံရေးးအထူးစိုးရိမ်နေကြကြောင်း နန်းမွေ က ပြောသည်။

“ ဒီမှာ တော့ ခဏခဏ ဗုံးပေါက်တယ်။ ဘယ် အဖွဲ့ ဆိုတာတော့ ဗုံးပေါက်တိုင်းလည်း အဖြေမပေါ်ဘူး။ ညမိုးချုပ်ရင် အိမ် အပြင် မထွက်ရဲတော့ဘူး” ဟု မူစယ် ဒေသခံ စိုင်းထွေး က ပြောသည်။

မူစယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်များစွာလှုပ်ရှားနေသည့် နယ်မြေ ဖြစ်ပြီး၊ တရုတ်နယ်စပ်ဒေသလည်း ဖြစ်သည့်အတွက် ဗုံးပေါက်ကွဲမှုလက်သည်မှာ မှန်းဆပြောဆိုရခက်ခဲကြောင်း ဒေသခံစိုင်းထွေးက ဆိုသည်။

တဖက်တွင်လည်း မူစယ်မြို့တွင် မကြာခဏ လုယက်မှုများ၊ ဆိုးခိုး ဓါးပြများ လှုပ်ရှားသည့် ဒေသ တခု ဖြစ်သည့် အတွက် လုံခြံုရေး စိုးရိမ်စရာ နယ်မြေ ဖြစ်ပြီး၊ မိမိ လုံခြံုရေး ကို မိမိ သာ တာဝန်ယူနေရသည့် အနေအထားဖြစ်ကြောင်း မူစယ် ဒေသခံ လူငယ်များက ပြောဆိုလိုက်သည်။

မူစယ်မြို့ ဗုံးပေါက်ကွဲ မှု ကိစ္စ နှင့် ပတ်သတ်ပြီး မူစယ်ခရိုင် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တဦး က “ အသံမိုင်းပါပဲ။လူထိခိုက်တာလည်း မရှိဘူး။ ခြိမ်းခြောက်တဲ့သဘောပါပဲ။ စိုးရိမ်စရာ မရှိပါဘူး။ မူစယ် လုံခြံရေး ကိုလည်း တိုးမြှင့်ထားပါတယ်” လို့ သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သည်နှစ် ဧပြီလ တွင် မူစယ်မြို့ မြဝတီ ဘဏ် အနီးတွင် ဗုံး ၃လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါပေါက်ကွဲမှုတွင်လည်း ယနေ့တိုင် လက်သည်အစစ်အမှန် ကိုအာဏာပိုင်များတရားဝင်ကြေငြာခြင်းမရှိသေးပေ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...