ပိတ်မိ စစ်ရှောင်ပြည်သူများအား ကယ်ထုတ်နိုင်ရေး ထပ်မံတောင်းဆို

ပိတ်မိ စစ်ရှောင်ပြည်သူများအား ကယ်ထုတ်နိုင်ရေး ထပ်မံတောင်းဆို

တနိုင်း အောင်လော့ဒ်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ ကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တောတောင်ထဲ ပိတ်မိနေသော စစ်ပြေးဒုက္ခသည်ပြည်သူ ၂၀၀၀ ခန့်ကို အမြန်ဆုံး လွတ်မြောက်အောင် အစိုးရမှ ကူညီပေးဖို့ ကချင်ပြည်နယ်အမျိုးသမီးများကွန်ယက် က ပြည်နယ်ဝန်ကြီးချုပ်ထံ ဧပြီ ၁၇ ရက်နေ့ မှာ တောင်းဆိုလိုက်ပါသည်။

ပိတ်မိနေပြည်သူများ လွတ်မြောက်ရန် တနိုင်းမြို့ ခရစ်ယာန် ဂိုဏ်းပေါင်းစုံများ နှင့် အောင်လော့ဒ်ကျေးရွာရှိ အမျိုးသမီးခေါင်းဆောင်များ ပူးပေါင်းပြီး ဧပြီ ၁၄ ရက်နေ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေးတောင်းဆိုခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ကချင်လူထု ရပ်မိရပ်ဖများနှင့် ဝန်ကြီးချုပ် ဧပြီ ၁၅ ရက်နေ့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယခုချိန်ထိ မည်သည့် တုန့်ပြန်မှုများ မတွေ့ရသေးသည့်အပြင် အခြေအနေ ပိုမိုဆိုးရွားလာကြောင်း အမျိုးသမီအဖွဲ့က ပြောဆိုထားပါသည်။

KIA တပ်မဟာ ၂ အောင်လော့ဒ်ကျေးရွာမှ စစ်ရှောင်များ တနိုင်းမြို့ဘက်ကို ထွက်လာနိုင်ရန် ယခုချိန် တပ်မတော်က ကုန်းလမ်း၊ ရေလမ်း တားမြစ်ထားသည့်အတွက် ပိတ်မိနေဆဲ ဖြစ်ပါသည်။

လိုင်နောင်ခူးဘက်ရှိ စစ်ပြေးဒုက္ခသည် ၁၆၀ ခန့်ကိုမှု တပ်မတော်က လုံခြုံမှု မရှိသေးသည့် ၄င်းတို့၏ ကျေးရွာကို ပို့ဆောင်ထားပြီ ဖြစ်ကြောင်း ဒေသခံ များမှ သိရပါသည်။

ဟူးကောင်းဒေသရှိ စစ်ပြေးဒုက္ခသည်များ အမြန်ဆုံးလုံခြုံရာကို လွတ်မြောက်နိုင်ရန် ကချင်နိုင်ငံရေးပါတီ ၄ ခု ပေါင်းစည်းထားသည့် အဖွဲ့မှလည်း နိုင်ငံတော် သမ္မတထံ အိပ်ဖွင့်ပေးစာ ပို့ပေးပြီ ဖြစ်ကြောင်း သိရပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...