KIA အမှုထမ်း မဟုတ်သော်လည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ၊ ပေါက်ကွဲမှုဥပဒေ ပုဒ်မ ၃/၄ ၊တို ့ဖြင့် တရားစွဲဆို ခံရပြီး အပြစ်မဲ့ ထောင်ဒဏ် (၈)နှစ် ချမှတ်ခံခဲ့ရသော စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် သည် ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်မြောက်လာခဲ့ပြီဖြစ်သည်။
ဦးလဖိုင်ဂမ်သည် ဝိုင်းမော်မြို ့နယ် အင်ပေါန်ရွာမှဖြစ်ပြီး ၂၀၁၁ခုနှစ် ဇွန်လ တွင်မြစ်ကြီးနား ရွှေစက်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ဒုက္ခသည်စခန်းသို ့မိသားစုနှင့်အတူ ရောက်ရှိလာခဲ ့သူဖြစ်သည်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ ့တွင် အခကြေးငွေဖြင့် တာလောကြီးရွာဘက်သို ့ကျွဲနွား လိုက်ပါမောင်းကူနေစဉ်တွင် မြန်မာ့တပ်မတော်စစ်ကြောင်း၏ ဖမ်းဆီးခြင်းခံ ခဲ ့ရပြီးနောက် ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ ့ရသည့်အတွက် လက်ရှိတွင် အတွင်းဒဏ်ရာနှင့် ဒူလာရောဂါတို့ကို ခံစားနေရကြောင်း ဦးလဖိုင်ဂမ်က ပြေပါသည်။
“အရမ်းနှိပ်စက် ခံခဲ့ရတဲ့အတွက် ကျွန်တော် အတွင်းအနာ ဖြစ်သွားတယ်။ KIA မဟုတ်ဘူး လို ့ပြောလဲ သူတို ့က အတင်းမတရား တရားစွဲပြီး ထောင်ချတယ်။ အဲဒီဒဏ်ရာတွေကြောင့် အခုဆိုရင် အလုပ်ကြမ်းတောင် လုပ်နိုင်တော ့မယ်မထင်ဘူး။ ကျွန်တော်တို ့က စစ်ရှောင်စခန်းမှာ နေနေရတဲ ့အတွက် ငွေရေးကြေးရေး လဲ အဆင်မပြေဘူးလေ၊ သားတွေသမီး တွေလည်းရှိသေးတယ်။ သူတို ့ကျောင်းတွေလဲ တက်ရအုံးမယ်။ သူတို ့လေးတွေ အတွက် ပိုက်ဆံတွေလည်း ရှာရအုံးမယ်။ ဘာလုပ်ကိုင်ရမှန်းလည်း မသိတော့ဘူး၊ ကျွန်တော့်ရဲ့ကျန်းမားရေးလည်း မကောင်းတော့ဘူး။ အဲ ့တာကြောင်း စိတ်မကောင်းဖြစ်မိတယ်” ဟု သူက ပြောသည်။
အနားယူသွားသော သမ္မတဟောင်း ဦးထင်ကျော် လက်ထက်က လွှတ်မြောက်ရန် ယုံကြည်ခဲ့ပေမယ့် ဖြစ်မလာခဲဘဲ လက်ရှိ သမ္မတသစ် ဦးဝင်းမြင့် လက်ထက်မှသာ ခုလိုလွှတ်မြောက် လာနိုင်ခြင်းအတွက် ကျေးဇူးဖြစ်ကြောင်း ပြောသည်။
ဦးလဖိုင်ဂမ် ၏ ဇနီးဖြစ်သူမှလည်း ကချင်ဘာသာရေးခေါင်းဆောင်များ၊ ရှေ့နေများ၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ ့(WMR)တို့ကို အကူအညီတောင်း၍ နိုင်ငံတော်သမ္မတ ထံသို့ လည်းကောင်း ဒေါ်အောင်ဆန်စုကြည်ထံလည်းကောင်း ဦးလဖိုင်ဂမ်အား ခြွင်းချက်မရှိ လွှတ်ပေးပါရန် စာရေးသားတောင်းဆိုခဲ ့သော်လည်း လွှတ်ပေးခြင်းမရှိ ခဲ့ပေ။
ဦးလဖိုင်ဂမ်သည် အပြစ်မရှိသော်လည်း အကျဉ်းထောင်တွင် (၆) နှစ်ခန် ့နေခဲ ့ရပြီး ယမန်နေ့ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်မြောက်လာခြင်းဖြစ်ပါသည်။







