ဖါးဆောင်းမြို့ရှိ KNPP ဖွံ့ဖြိုးရေးရုံးကို စစ်တပ်မှ သိမ်းဆည်းမည့်သတင်း အတည်မပြုနိုင်သေး

ဖါးဆောင်းမြို့ရှိ KNPP ဖွံ့ဖြိုးရေးရုံးကို စစ်တပ်မှ သိမ်းဆည်းမည့်သတင်း အတည်မပြုနိုင်သေး
by -
မူအက်စတာ
ကေအဲန်ပီပီနှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လွိုင်ကော်တွင် ၂၀၁၃ ခုနှစ်က ကျင်းပခဲ့စဉ်။ ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်)
ကေအဲန်ပီပီနှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လွိုင်ကော်တွင် ၂၀၁၃ ခုနှစ်က ကျင်းပခဲ့စဉ်။ ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်)

KNPP ၏ ဆက်ဆံရေးရုံးခွဲ(ဖားဆောင်း)သည့် တရားမဝင်သဖြင့် မြန်မာစစ်တပ်မှ သိမ်းဆည်းသွားရန် အစီအစဉ်ရှိကြောင်း လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့် သတင်းမှာ မမှန်ကန်ကြောင်း KNPP ဆက်ဆံရေးရုံး(လွိုင်ကော်မြို့)၏ ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ဧပြီလ ၇ ရက်နေ့က အတည်ပြုပြောကြားသည်။
 

“တရားဝင် သူတို့ပြောလာတာ။ ဥပမာ ကျွန်တော်တို့ဆီ ကန့်ကွက်စာပို့လာတယ်၊ ဖယ်ပေးပါ နေလို့မရဘူး အဲ့လိုပြောရမယ်၊ နောက်ပြီးသူ လူခေါ်တွေ့ရမယ်၊ တရားမဝင်ဖြစ်နေတယ် သူပြောရမယ်လေး ကျွန်တော်တို့က ဘာမှမသိဘူးဖြစ်နေတယ်လေး” ဟု ဧပြီလ ၅ ရက်နေ့မှစ၍ ပျံ့နှ့ံနေသည့်သတင်းအပေါ် ခူးညေးရယ်က တုန့်ပြန်ပြောသည်။

 

ဖားဆောင်းမြို့နယ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)က ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဖွင့်လှစ်ထားရှိသော ရုံးခွဲတစ်ခုကို တရားမဝင်သည့်အတွက် မြန်မာ စစ်တပ်မှ သိမ်းဆည်းသွားရန် အစီအစဉ်ရှိကြောင်း အမှတ်(၂) ခရိုင် တာဝန်ရှိသူများ၏ KNPP ဗဟို ဌာနချုပ်သို့ ပေးပို့သော သတင်းအချက်အလက်များအရ သိရှိရကြောင်း KnIC သတင်းဝက်ဆိုက်က ဧပြီလ ၅ ရက်နေ့က ရေးသားထားသည်။

 

ပိတ်သိမ်းခိုင်းသော KNPP ၏ ဖွံ့ဖြိုးရေးရုံးခွဲကို လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းပင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွတ်ဖို့ရန် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီးကြောင်း KnIC က ရေးသားသည်။

 

ယင်းလုပ်ရပ်က ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် KNPP နှင့် အစိုးရတို့အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ သဘောတူညီချက်များထဲမှ သဘောတူညီချက် အချက်(၂)ကို ဆန့်ကျင်နေကြောင်း ၎င်းက ဆိုသည်။

 

သဘောတူညီချက် အချက် (၂) တွင် ဆက်ဆံရေးရုံးများနှင့် ပတ်သက်၍ လွိုင်ကော်မြို့တွင် ဆက်ဆံရေးရုံးချုပ်ကို ဖွင့်လှစ်ကာ ဖားဆောင်းမြို့နယ်နှင့် ရှားတောမြို့နယ်များတွင် ဆက်ဆံရေး ရုံးခွဲများ ဖွင့်လှစ်သွားရန်၊ ကျန်မြို့နယ်များတွင်လည်း ဆက်လက်ဖွင့်လှစ် သွားနိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူသည်။ ပြည်ထောင်စု အစိုးရအဖွဲ့မှ ဆက်ဆံရေးရုံးများ ဖွင့်လှစ်မှုများအတွက် ဆက်သွယ်ရေး အဆင်ပြေရန် ကူညီဆောင်ရွက်ပေးရန် သဘောတူသည်ဟု ပါရှိသည်။

 

ထို့အတူ ဒီဗီဘီသတင်းဌာန၏ သတင်းဝက်ဆိုဒ်မှ ဧပြီလ ၆ ရက်နေ့က “မော်ချီးဒေသရှိ ကေအန်ပီပီရုံးခွဲကို ပိတ်သိမ်းရန် စစ်တပ်အကြောင်းကြား”ဟုဆိုသည့် သတင်းကို ရေးသားထားသည်။

 

သို့သော် ခူညေးရယ်က ဖားဆောင်းမြို့နယ်ရှိ ကေအဲန်ပီပီဆက်ဆံရေးရုံးသို့ စစ်တပ်က အကြောင်းစာကို တရားဝင်စာပေးပို့လာခြင်းများ မရှိသေးကြောင်း ဆိုသည်။

 

ကေအဲန်ပီပီဘက်မှ တပ်မတော်၏ တပ်ရင်းမှူးများနှင့် တွေ့ဆုံရာတွင်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ မည်သည့်အကြောင်းမျှ ပြောကြားခြင်း မရှိကြောင်း ၎င်းက ပြောကြားသည်။

 

 

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...