တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုမြှင့်တင်ရေး သင်ကြားဆရာ/မ ၅၀ ကို အသုံးပြုမည်

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုမြှင့်တင်ရေး သင်ကြားဆရာ/မ ၅၀ ကို အသုံးပြုမည်
by -
စိုးရယ်

ကယားစာပေနှင့် ယဉ်ကျေးမှုများကို မြင့်တင်ဖို့ရန် နယ်ပယ်အသီးသီးမှ သင်တန်းဆရာ၊မ ၅၀ ဦးကို ဧပြီလ ၈ ရက်နေ့မှ ၁၂ ရက်နေ ့အထိ သင်တန်းပို ့ချပေးသွားမည်ဟု ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ခူးဖဲညို့ရယ်က ပြောသည်။

သင်ညွန်းရိုးတမ်းရေးဆွဲကာ နယ်ပယ်အသီးသီး၏ သင်ရိုးညွန်းတမ်းများပါဝင်သော အချက် ၅ ချက်နှင့်အညီ ကယားစာပေကို သင်ကြားပေးမည့် ဆရာ၊ ဆရာမများကို သင်တန်းပို ့ချသည်ဟု ၄င်းက ပြောသည်။

ဘာသာစုံ ကယားစာပေကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ရန် ရည်ရွယ်လျှက် မူလတန်းဆရာမများအား သင်တန်းများ ပို့ချနေပြီဖြစ်သည်။

အဓိက သင်ချပို ့ချပေးမည့် စာပေနှင့် ပတ်သက်သည့် အချက် ၅ ချက်မှာ မိခင်ဘာသာစကား ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအကြောင်း၊ ကယားနယ်ပယ်မှာ နာမည်ကြီးကျော်ကြားခဲ့သည့် စော်ဘွားအကြောင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များဖြစ်ပြီး (အိုင်စီတီ) ကွန်ပျူတာပိုင်းဆိုင်ရာ အင်တာနက်နည်းပညာတွေ သင်ကြားပေးမည်ဟု သိရသည်။

“ဒီကယားစာပေနှင့် ယဉ်ကျေးမှုဟာ တိုးတက်ဖို့အတွက် ကျွန်တော်တို့ တိုင်းရင်းသား လူမျိုတစ်ခုတည်းနဲ့ လုပ်လို့ မရပါဘူး”ဟု ခူးဖဲညို့ရယ်က ပြောသည်။

အခြေခံပညာဦးစီးဌာနနှင့် သင်ရိုးညွန်းတမ်းအတွက် နည်းပညာပိုင်းများကို ပညာရှင်များနှင့် ပူးပေါင်းပြီး လုပ်ဆောင်နေကြောင်း သိရသည်။

ပြည်နယ်အစိုးရက လာမည့် ၂၀၁၉ ၊၂၀၂၀ မှာ တိုင်းရင်းသား စာပေယဉ်ကျေးမှုအတွက် ဘတ်ဂျတ်များ ထည့်သွင်းရေးဆွဲရန် လျာထားပြီး စာပေနှင့် ယဉ်ကျေးမှုကဏ္ဍ မြှင့်တင်ရန် ပြည်နယ်အစိုးရက ကူညီပံ့ပိုးပေးလိမ့်မည်ဟု ၎င်းဆက်ပြောသည်။

စာပေနှင့် ယဉ်ကျေးမှုတစ်ခုကို ထိန်းသိမ်းနိုင်ရေး ပြည်သူ၊ အစိုးရနှင့် လွှတ်တော် ပူးပေါင်းကာ ပံ့ပိုးမှုများကို ဟန်ချက်ညီညီ လုပ်ဆောင်ရန်လိုအပ်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောသည်။

“ဒီစာပေဟာ လူ ့အရင်းအမြစ်တစ်ခုလိုပါဘဲ တကယ်လို့ ကျွန်မတို့ မထိန်းသိမ်းရင် ဘယ်သူက သိပြီး ဘယ်သူက လာပြီး ယုံကြည်ပေးမှာလဲဆိုတာ နားလည်ထားရမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာခင်စည်သူက ပြောသည်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...