ကနေဒီတောင်တန်းဒေသအား သဘာဝနယ်မြေများတွင် ထည့်သွင်းဆောင်ရွက်မည်

ကနေဒီတောင်တန်းဒေသအား သဘာဝနယ်မြေများတွင် ထည့်သွင်းဆောင်ရွက်မည်
by -
ချင်းဝေါလ်
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ကနေဒီတောင် (ခေါ်) လေသာတောင် တန်းဒေသအား ကွင်းဆင်းတိုင်းတာရေး ဆောင်ရွက်ပြီး သဘာဝနယ်မြေ ဖွဲ့စည်းနိုင်မည့် အလားအလာများအပေါ်သုံးသပ်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က စက်တင်ဘာလ ၁၉ရက်တွင်  ပြောကြားသည်။

tedim 199x300အဆိုပြုသတ်မှတ်ဖွဲ့စည်း မည့် သဘာဝ နယ်မြေများ အစီအစဉ်တွင် ထပ်မံထည့်သွင်း ဆောင်ရွက်သွား မည်ဟု၎င်းကဆိုသည်။

 စက်တင်ဘာ ၁၉ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ ဦးကျင့်ခန့်ပေါင်၏ “ချင်းပြည်နယ် တီးတိန်မြို့နယ် လေသာတောင်တန်းကို သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက တီးတိန်မြို့နယ်ရှိ ကနေဒီတောင် (ခေါ်) လေသာတောင်၏ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ရေးအတွက် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ သဘာဝနယ်မြေ အမျိုးအစားတစ်ခုအဖြစ်သို့ သတ်မှတ် ဖွဲ့စည်းနိုင်ရေးအတွက် ယင်းဒေသပတ်ဝန်းကျင်တွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ ပူးပေါင်းပါ၀င်မှုနှင့် သဘောထားဆန္ဒ၊ ပြည်နယ် အစိုးရအဖွဲ့ သဘောထားတို့ကိုရယူပြီး ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဟုဆိိုသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...