စိုက်ပျိုးသီးနှံအတွက် အာမခံချက်ရှိစျေးကွက် အစိုးရမှ ဖော်ဆောင်ပေးရန် တောင်သူများလိုလား

စိုက်ပျိုးသီးနှံအတွက် အာမခံချက်ရှိစျေးကွက် အစိုးရမှ ဖော်ဆောင်ပေးရန် တောင်သူများလိုလား
by -
ထျိုးမြာ

စိုက်ပျိုးရေးအတွက် အစိုးရဘဏ်မှ ချေးငွေထုတ်ပေးနေသည့်အတွက် တဖက်တလမ်းက အရင်းအနှီးရနိုင်သော်လည်း တည်ငြိမ်သော စျေးကွက်မရှိသဖြင့် ဒုက္ခပိုရောက်ကြောင်း တောင်သူများက ဆိုသည်။

ချေးငွေယူထားသော တောင်သူများက သတ်မှတ်ထားသော ငွေပမာဏ ပြန််ရနိုင်အောင် ကြိုတင်တွက်ချက် လုပ်ကိုင်နိုင်ရေး တင့်တင့်မျှတပြီး တည်ငြိမ်သော စျေးကွက်တစ်ခုက်ုိ နိုင်ငံတော်က ဖေါ်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ကယားပြည်နယ်ပြောင်းစိုက်တောင်များအသင်း၏ အဖွဲ့ဝင် ခူးဦးရယ်က ပြောသည်။

“တည်ငြိမ်တဲ့ စျေးကွက်တစ်ခုကို သင့်သင့်မျှတတဲ့ စျေးတစ်ခု တည်တည်ငြိမ်ငြိမ်ရှိနိုင်အောင် အဲ့လိုရှိနိုင်မှ ပိုက်ဆံသိန်း ၅၀ ချေးလိုက်ရင် တစ်နှစ် ဒီ ၅၀ ပြန်ရအောင် ဘယ်လိုလုပ်မယ် ကြိုမြင်တတ်မယ်။”ဟု ၎င်းက ပြောသည်။

မတ်လ ၂၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ မောဒူကလားမေးခန်းမတွင် ဒီးမောဆိုမြို့နယ်ရှိ တောင်သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဘော့စ်ကိုတို့ တွေ့ဆုံကြစဉ် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြည်နယ်အစိုးရက စျေးကွက်နှင့်ပတ်သက်၍ တောင်သူများ ချင့်ချိန် စိုက်ပျိုးနိုင်စေရန် သတင်းအချက်အလက်များပေးနိုင်မည့် အစီအစဉ်ကို နေပြည်တော်တွင် ဆွေးနွေးထားပြီးဖြစ်သည်ဟု ဝန်ကြီး ဦးဘော့စ်ကိုက ပြောသည်။

ထို့အပြင် တောင်သူများချေးငွေနှင့် ပတ်သက်ပြီး ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် သီးနှံများကို စျေးကောင်းကောင်း ဖြင့် ရောင်းချနိုင်ရန် အစိုးရမှ အခြောက်ခံစက်များ တည်ထားပေးမည့် အစီအစဉ်များ ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ဆက်ပြောသည်။

“ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ချေးငွေနားမှာ ကိုယ်က ချက်ချင်းမရောင်းဘူး စျေးကောင်း နဲ့ရောင်းရလေအောင်ဆိုရင် ကျွန်နော်တို့ အခြောက်ခံစက်လိုမယ်။ ဂိုဒေါင်လိုမယ်ဆိုတဲ့ဟာ။ တကယ်လို့များ ကုန်သည်တွေ မဝယ်နိုင်ရင်တောင်မှ အစိုးကနေ ဝယ်နိုင်အောင်ဆိုတဲ့ အကြံပြုချက်တွေလည်း ထွက်လာတယ်ပေါ့။”ဟု ဝန်ကြီးက ပြောသည်။

ယမန်နှစ် ပြောင်ဈေးနှုန်းများ အဆမတန်ကျဆင်းပြီး ယခုနှစ်တွင် ပဲစင်းငုံဈေး ကျဆင်းမှုကြောင့် တောင်သူများ နစ်နာခဲ့သည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...