ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက တိုင်ကြားနိုင်

ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက တိုင်ကြားနိုင်
by -
ထျိုးမြာ

အစိုးရမဟုတ်သော အဖွဲ့အစည်းများ CSOs NGOs ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အစိုးရဌာနများမှ ပူးပေါင်းဆောင်ရွက်မှုမရှိပါက ၎င်းထံ တိုင်ကြားနိုင်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

မတ်လ ၁၆ ရက်နေ့ ကုန်းမြင့်ဒေသရန်ပုံငွေစီမံကိန်း၏ ပြည်နယ်အဆင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ပံ့ပိုးထားသော ပြည်နယ်တွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို လိုက်လံကြည့်ရှုချိန်တွင် ပြောသွားပါသည်။

“အခုကျနေ် မှာမယ်။ NGOs တွေအကုန်လုံး။ ကိုယ်လုပ်တဲ့ ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးတွေမှန်သမျှ ဌာနနဲ့ သွားပူးပေါင်းတဲ့အခါ ဌာနက မပူးပေါင်းဘူးဆိုရင် ကျနော့်ကို တင်လာပေး။ အဲ့ကတိ ကျနော်ပေးတယ်။ တင်လာပေး။ အဲ့ဌာနကို ကျနော်ကြပ်မတ်ပေးမယ် ”ဟု ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် ဝန်ကြီးချုပ်က ဌာနဆိုင်ရာများအနေနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ထပ်မံမှာကြားသည့်အပြင် ဌာနဆိုင်ရာများအနေနှင့်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ အားကိုလည်း ယူလိုကြောင်း ပြောသည်။

ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနအနေနှင့် ဒေသ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်အတွက် ဒေသတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသော အဖွဲ့အစည်းများဖြင့် ပူးပေါင်းလုပ်ကိုင်ရန် အသင့်ရှိနေသည်ဟု ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ဖိတ်ခေါ်သည်။

“ကျနော်တို့ မပြောင်းမချင်း ဝန်ထမ်းဖြစ်တဲ့ ကာလမှာတော့ ဒီဒေသဖွံ့ဖြိုးရေးတွေ ကြိုးစားဆောင်ရွက်သွားပါတယ်။ ကျနော်တို့ကိုလည်း ကူညီပါ၊ ကျနော်တို့ကိုလည်း အကြံပြုပါ။ ကျနော်တို့ကိုလည်း ဖိတ်ခေါ်ပါ။ အတူတကွ ကယားပြည်နယ်အပါအဝင် ရှမ်းပြည်တောင်ပိုင်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် လက်တွဲဆောင်ရွက်ကြရအောင်။”ဟု ၎င်းကပြောပါသည်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁၁ ဖွဲ့သည် မတ်လ ၁၆ ရက်နေ့ လွိုင်ကော်မြို့နယ်ခန်းမတွင် မိမိတို့၏လုပ်ငန်း ဆောင်ရွက်မှုရလဒ်များကို ပြန်လည်ရှင်းပြကြပြီး ရှေ့ဆက်လုပ်ငန်းစဉ်များကို ဌာနဆိုင်ရာများ၊ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...