ဆီဆိုင်မြို့နယ်မှ ကျေးလက်ရွာသားတဦးအား ဒေသခံပြည်သူ့စစ်မှ သေနတ်ပစ်ခတ်ခြိမ်းခြောက်ကာရိုက်နှက်

ဆီဆိုင်မြို့နယ်မှ ကျေးလက်ရွာသားတဦးအား ဒေသခံပြည်သူ့စစ်မှ သေနတ်ပစ်ခတ်ခြိမ်းခြောက်ကာရိုက်နှက်
by -
ယိင်းတိုင်း
အရိုက်ခံရသည့် ထိကလိုင်းရွာသား ဦးထွန်းအောင်
အရိုက်ခံရသည့် ထိကလိုင်းရွာသား ဦးထွန်းအောင်

ရှမ်း(သျှမ်း)ပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုတွင် ဒေသခံရွာသားတဦးအား ဌာနေပြည်သူ့စစ်မှ တပ်ခွဲမှူးအဆင့်အရာရှိက ရိုက်နှက်မှုဖြစ်ပွါးခဲ့သည်။

မတ်လ ၂၀ ရက်နေ့က ရိုက်နှက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး အရိုက်ခံရသည့် ဒေသခံ ဦးထွန်းအောင်မှာ လက်ရှိတောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေကြောင်းသိရသည်။

“ထိကလိုင်း ရွာသူကြီး ဦးစောဆိုသူကို ဒေသခံ ပြည်သူ့စစ်အဖွဲ့ ဗျူ ဟာ(၁) တပ်ခွဲ (၂၁) တပ်ခွဲကတပ်ခွဲမှူ း ဗိုလ်ကြီးအဆင့် လက်အောက်ခံတပ်ဖွဲ ့ဝင်(၃) ဦးက ငွေလာတောင်းတယ်။ ရွာသူကြီးကမပေးလို့ အချေ အတင်စကားများပြီးပြည်သူ့စစ်တပ်ဖွဲ့ သူတို့မှာပါလာတဲ့ သေနတ်ကြီးတွေနဲ့ ပစ်ခတ်မယ်လို့ခြိမ်းခြောက်တယ်။ အဲဒီမှာ ရွာသား ဦးထွန်းအောင်ကဝင်ပြီးဖြန်ဖြေပေးတော့ ပြည်သူ့စစ်ဗိုလ်ကြီးက ပစ်တယ် ။ ဒါမယ့်ကျည် က မထွက်တော့ သေနတ်ဒင်နဲ့ထုတယ်။ ဒုတ်နဲ့ရိုက်တယ်။ ဦးထွန်းအောင်နဖူးကွဲသွားတယ်။ အခုဆေးရုံမှာ။ PNA နဲ့ ခမရ ၄၂၄ ကတော့ လိုက်ဖမ်းနေတယ် ။ ဒါမယ့်မဖမ်းမိသေးဘူး။ ” – ဟု ဆီဆိုင် မြို့နယ်၊ အောင်ချမ်းသာရပ်ကွက် မှူး ကပြောသည်။

အရိုက်ခံသည့် ဦးထွန်းအောင် ဆိုသူအား တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေး ကုသမှု ခံယူနေပြီး ဘန်းယဉ်ရဲစခန်းမှ အဆိုပါ လက်နက်ကိုင် (၃) ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၅၂ ၊ ၁၄၄ တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...