ပါတီပေါင်းစည်းခြင်းကို လက်ခံမည့် ကချင်လူထုညီလာခံ ဧပြီ ၁၀ ရက်သို့ ရက်ပြန်ရွှေ့

ပါတီပေါင်းစည်းခြင်းကို လက်ခံမည့် ကချင်လူထုညီလာခံ ဧပြီ ၁၀ ရက်သို့ ရက်ပြန်ရွှေ့

ကချင် ပေါင်းစည်းပါတီအား တရားဝင် အတည်ပြုပေးမည့် မြစ်ကြီးနား မဂျွယ်ခန်းမ ကချင် လူထုညီလာခံကို ဧပြီ ၁၀ ရက်နေ့ ပြုလုပ်ရန် တတိယ အကြိမ်ရက် ပြန်ပြောင်းရွှေ့ခြင်းကို မတ်လ ၂၀ ရက်နေ့တွင် သဘောတူလိုက်ပြီ ဖြစ်သည်။ 

နေရာအရပ်ရပ်မှ ကချင်မျိုးနွယ်စုများ အားလုံးပါဝင်နိုင်မည့် ကချင်လူထု ညီလာခံကြီး အတွက် အစီစဉ် ဦးဆောင်သည့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR နှင့် ကချင်ပေါင်းစည်း ပါတီဝင်များ မတ် ၂၀၊ အင်္ဂါနေ့ မြစ်ကြီးနား WMR ရုံး အစည်းအဝေး တွင် ရက် ပြန်လည် သတ်မှတ်ခြင်း ဖြစ်သည်။

ပထမက ညီလာခံကို ဖေဖေါ်ဝါရီ ၂၀ နေ့ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း WMR က အဆင်သင့် မဖြစ်သေး ဟု ဆိုကာ မတ်လ ၃၁ သို့ ပြောင်းရွှေ့ခဲ့သည်။ ထပ်မံ WMR ဘက်မှ ၎င်းနေ့ရက်သည် လော်ဝေါ်ရိုးရာနှင့် စာပေယဉ်ကျေးမှု ပွဲတော် နှင့် လီဆူ မျိုးနွယ်စုတို့၏ ဆုတောင်းပွဲ နေ့ရက်များနှင့် တိုက်ဆိုင် နေသည်ဟု ဆိုကာ ဧပြီလသို့ ရက် နောက်ဆုတ် လိုက်သည်။

ယခုလို WMR အဖွဲ့ဘက်မှ ညီလာခံ ရက် အကြိမ်ကြိမ် ရွှေ့ခြင်းကြောင့် ပါတီ ပေါင်းစည်းရေး အဖွဲ့အတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်။ ပေါင်းစည်း ပါတီ ဘက်က လူထုညီလာခံကို အလျင်အမြန် ကျင်းပပေးရန် လိုလားနေခြင်းဖြစ်သည်။

ရွေးကောက်ပွဲမှတဆင့် ကချင်ပြည်နယ် အစိုးရ လွှတ်တော်တွင် ကချင်ပါတီများ နေရာ အများစု ရရှိရေး အတွက် ကချင်ပါတီများ ပေါင်းစည်းရန် လိုအပ်ကြောင်းကို ကချင်လူထုက လိုလားနေပါသည်။

ထို့ကြောင့် ၂၀၁၃ ခုနှစ် ကတည်းက ပါတီများ ပေါင်းစည်းရေး ကို လုပ်ဆောင်လာရာ စုစုပေါင်း ကချင်ပါတီ (၇)ခုအနက် အဓိက (၃) ပါတီ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ် ပါတီ (KDP) နှင့် ကချင်အမျိုးသား ကွန်ကရက် (KNC) တို့က ပါတီ ပေါင်းစည်းရန် လက်ခံ လာခြင်းဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...