ကျိုက္ခမီဘုရားပွဲတွင် ဖြူဖြူကျော်သိန်းနှင့် ဝိုင်းစုခိုင်သိန်းအပါအဝင်နာမည်ကြီးတေးသံရှင် ၁၁ ဦးလာရောက်ဖျော်ဖြေမည်

ကျိုက္ခမီဘုရားပွဲတွင် ဖြူဖြူကျော်သိန်းနှင့် ဝိုင်းစုခိုင်သိန်းအပါအဝင်နာမည်ကြီးတေးသံရှင် ၁၁ ဦးလာရောက်ဖျော်ဖြေမည်
by -
ဟင်္သာမီဒီယာ
လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်ကျင်းပမည့် ကျိုက်ခမီရေလယ်ဘုရားဗုဒ္ဓပူဇနိယပွဲတော် တွင် ဖြူဖြူကျော်သိန်းနှင့် ဝိုင်းစုခိုင်သိန်းတို့အပါအဝင် နာမည်ကြီးတေးသံရှင် ၁၁ ဦးကလာရောက်ဖျော်ဖြေမည် ဖြစ်ကြောင်းကျိုက္ခမီဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

တေးသံရှင် ဖြူဖြူကျော်သိန်း၊  ဝိုင်းစုခိုင်သိန်း ၊Lဆိုင်းဇီ၊ ပိုပို၊ လိမ္မော်သီး၊ အောင်တေဇာကျော်၊ အောင်လ၊ ရိန်မိုး၊ ဝန၊ ဖြိုးပြည့်စုံနှင့်  ပိုင်ကြီးတို့ကအောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့များတွင် ကျိုက္ခမီဘုရားပွဲ၌ လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်းယင်းဂေါပကအဖွဲ့ထံမှ သိရသည်။

ထို့ပြင်  ကျန်ရှိသောဘုရားပွဲရက်များတွင် ဖိုးချစ်ဇာတ်သဘင် အပါအဝင် ဇတ်သုံးဇာတ် ကပြဖျော်ဖြေမည်ဖြစ်ကြောင်း ကျိုက္ခမီဂေါပကအဖွဲ့ အတွင်းရေးမှူးဖြစ်သူဦးအောင်မြင့်ရွှေ က ပြောသည်။

“အခြားနှစ်နဲ့မတူညီအောင် မိုပိုစည်ကားတိုးတက်လာဖို့အတွက်ပေါ့နော်။ ကျွန်တော်တို့ ရ ရက်ပတ်လုံးကျင်းပသွားမယ်။ ရပ်ဝေးရပ်နီးလာရောက်တဲ့ ဧည်သည်တော်များနေထိုင်စားသောက် အဆင်ပြေအောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်”ဟု၎င်းက ဆိုသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သောကျိုက္ခမီဘုရားဗုဒ္ဓပူဇနိယပွဲတော်ကိုယခုနှစ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိကျင်းပမည် ဖြစ်ပြီးအောက်တိုဘာလ ၁၆ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)နံနက်ပိုင်းတွင်းဆီမီးကိုးထောင် ထွန်းညှိပူဇော်ပွဲနှင့် ဆွမ်းမျောပူဇော်ရန် ပြုလုပ်မည်ဖြစ်သည်။

“လပြည့်နေ့မှာမနက်စောစောဆွမ်းဦးမျောပွဲလုပ်မယ်။ဆီမီး ၉၀၀၀ ပူဇော်မယ်” ဟုဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့အတွက် ပွဲစျေးတန်းဘုရားပွဲနေရာများကိုုအောက်တိုဘာလ ၉ ရက်နေ့တွင် စတင်ရောင်းချပေးမည့်ဖြစ်ပြီးရပ်ဝေးရပ်နီးမှ လာရောက်သောရဟန်းသံဃာများ၊ ဧည့်သည်တော်များကိုနေထိုင်စားသောက်ရန် နှင့် နေ့စဉ်စနစ်တကျ ကျွေးမွေးဧည့်ရန်အတွက် စီစဉ်ထားကြောင်းကျိုက္ခမီဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။