သိန္နီမြို့ရှိ ကျေးလက်လူထု ၁၆ ဦးအား လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား

သိန္နီမြို့ရှိ ကျေးလက်လူထု ၁၆ ဦးအား လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား
by -
Hom Hurng

ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း သိန္နီမြို့နယ် ကျေးလက်လူထု ၁၆ ဦးအား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးသွားရာ ယနေ့တိုင်ပြန်မလွှတ်ပေးသေးကြောင်းသိရသည်။

သိန္နီမြို့နယ် ဟိုမွန်းကျေးရွာတွင် မတ်လ ၁၇ ရက်နေ့မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တဖွဲ့မှ ၀င်ရောက်ကာ ရွာသား၁၆ ဦးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိန္နီမြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းစိန်လူကပြော သည်။

"ပြီးခဲ့တဲ့အပတ်က စစ်ဘေးရှောင်ရာကနေ ရွာပြန်ရောက်လာတဲ့ဒေသခံလူထုကို ရွာထဲအထိ လာဖမ်းတာလေ။ မတ်လ ၁၇ ရက်နေ့နေ့လည်ပိုင်းလေ။ အသက် ၁၈ ကနေ ၄၀ ကြား ယောင်္ကျားလေးတွေချည်းဘဲ ။ အစိုးရတပ် ရွာထဲဝင်တာ သတင်းမပေးလို့ ဆိုပြီးဖမ်းသွားတာ ခုထိပြန်မလွှတ်လာသေးတော့ ဆွေမျိုး မိသားစုဝင်တွေကစိတ်ပူနေကြတာ။ မြောင်ဇီးလူမျိုးပေါ့ အများအားဖြင့်က။ သျှမ်းက တယောက်ပါတယ်။"– ဟု စိုင်းစိန်လူက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သိန္နီဘက်တွင် အစိုးရတပ်ဖွဲ့အပါအဝင် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ (၀ ၊ကိုးကန့်၊ သျှမ်း/မြောက်၊ တအာင်း၊ ကချင်) တို့လှုပ်ရှားပါသည်။

"ကိုးကန့်တံဆိပ်ပါတဲ့ စစ်ဝတ်စုံနဲ့လက်နက်ကိုင်အဖွဲ့လို့ ရွာသားတွေကပြောပြပါတယ်။ ဘာဘဲဖြစ်ဖြစ် လူထုကို မဖမ်းသင့်ပါဘူး။ အကျိုးအကြောင်းရှင်းပြသင့်ပါတယ်။ ဒီလူတွေကိုပြန်လွှတ်ပေးဖို့ ဒီ မြို့နယ်အာဏာပိုင်တွေ ကိုကျနော်တင်ပြတောင်းဆိုထားပါတယ်။ နောက်ပြီး တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ သျှမ်း/မြောက် တပ်မတော် SSPP/SSA ကိုလည်း ကျနော်တို့ ဖုန်းဆက်အကြောင်းကြားထားပါတယ်။ ရွာသားတွေပြန်လွှတ်ရေး ကူပြောပေးဖို့။ ဒါပေမယ့် ဒီကနေ့အထိ ဘယ်သူမှ ဘာမှ အကြောင်းပြန်လာတာ"– ဟု စိုင်းစိန်လူကပြောသည်။

သိန္နီမြို့နယ် ဟိုမွန်းရွာသည် အိမ်ခြေ ၄၀ ကျော်ရှိကြောင်း၊ အများစုမှာ မြောင်ဇီးလူမျိုးများဖြစ်ပြီး သျှမ်းနှင့်တရုတ်တချို့လည်း ရောနှောနေထိုင်ပါသည်။



 

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...