NCA လက်မှတ်ရေးထိုးခဲ့ခြင်းအား LDU ရှင်းလင်း

NCA လက်မှတ်ရေးထိုးခဲ့ခြင်းအား LDU ရှင်းလင်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးရခြင်းနှင့် ပတ်သက်၍ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့အနေဖြင့် ပြည်တွင်း ပြည်ပရှိ လားဟူအဖွဲ့အစည်းများအား ဖိတ်ခေါ်၍  ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၁၆ ရက်နေ့မှ စ၍ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

မတ်လ ၁၈ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခဲ့သည့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU ခေါင်းဆောင်များ နှင့်အတူ လားဟူ အမျိုးသမီး အဖွဲ့အစည်းများ၊ လားဟူ နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ်များ၊ လားဟူ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ အပါအဝင် အထူးဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် လားဟူဒီမိုကရက်တစ်အစည်းအရုံးအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပါဝင်လာမှုများနှင့် NCA ဖြစ်စဉ် အဆင့်ဆင့်တို့ကို ရှင်းလင်းပြီး NCA လက်မှတ်ရေးထိုးရခြင်းအကြောင်း အရင်းတို့ကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု တတိယအကြိမ် ပင်လုံညီလာခံတွင် ဆွေးနွေးရန်ရှိသည့် ကဏ္ဍ ၅ ရပ်ဖြစ်သည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး အပါအဝင် မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစု အဖွဲ့၏ အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA စာချူပ်ကို မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP အဖွဲ့ နှင့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Most read this week

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...