နမ့်ပွန်ချောင်း ရေအားလျှပ်စစ်စီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများက KNPP ထံလာရောက်တင်ပြ

နမ့်ပွန်ချောင်း ရေအားလျှပ်စစ်စီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများက KNPP ထံလာရောက်တင်ပြ
by -
ကန္တရဝတီတိုင်း(မ်)
ဘောလခဲမြို့နယ် ဟော်ခမ်းကျေးရွာအနီးတွင် အကောင်အထည်ဖေါ်ရန် လျာထားသည့် နမ့်ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်းအတွက် လာရောက်စမ်းသပ်တိုင်းတာမှုအား ကန့်ကွက်ကြောင်း ဒေသခံလူထုကိုယ်စားလှယ်အဖွဲ့မှ KNPP ဆက်ဆံရေးရုံး(လွိုင်ကော်)သို့ စက်တင်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းတွင် လာရောက်ဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများကသာ လူထုဆန္ဒအမှန်မပါဝင်ဘဲ လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက်လည်း ယခုလိုလာရောက်ဆွေးနွေးရခြင်းဖြစ်သည်ဟု ဘောလခဲမြို့ခံ မလှိုင်မျိုးခိုင်က ပြောသည်။

“ ဒီခရိုင်အုပ်ချုပ်ရေးမှူးတွေ အကုန်ပေါ့နော် အဲ့ဒီအချိန် သူတို့ရဲ့ စမ်းသပ်ခံကာလကိုခွင့်ပြုလိုက်တယ်ဆိုရင်လည်းတကယ် လူထုမသိဘဲနဲ့ သဘောတူပါတယ်ဆိုတဲ့ လက်မှတ်ကိုသူတို့ဟာသူတို့ ထိုးသွားတာ။”ဟု မလှိုင်မျိုးခိုင်ကပြောသည်။

 ၎င်းစီမံကိန်းသည်  KNPP မှ ဆောက်လုပ်ခွင့်ပြုပြီး အကျိုးအမြတ်၏ ၁၀ ရာခိုင်နှုန်းအား KNPP ခံစားရနေကြောင်း သတင်းထွက်နေသည့်အတွက် ဘောလခဲဒေသခံများမှ KNPP ဆက်ဆံရေးရုံးထံလာရောက်ဆွေးနွေးမေးမြန်းခဲ့ ကြခြင်းလည်းဖြစ်သည်ဟု သိရသည်။

Ky201

ယင်းသတင်းမှာမမှန်ဘဲ အထင််အမြင်လွှဲမှားမှုသာဖြစ်ပြီး ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ လုပ်သင့် မလုပ်သင့်မှာ လူထုသဘောထားသာအဓိကဖြစ်ကြောင်း KNPP ဆက်ဆံရေးရုံး(လွိုင်ကော်) ဆက်ဆံရေးတာဝန်ခံမှ ခူတော်ရယ်ကပြောဆိုသည်။

“ဖေါ့ဘူးနဲ့ ထမင်းတစ်ထုတ်။ အခွံခွာတဲ့ နာနတ်သီး အဲ့ဒါပဲစားဖူးတယ်။ ကျန်တာဘာမှ ကျနော်တို့ ယူထားတာမရှိဘူး။”ဆက်ဆံရေး တာဝန်ခံခူတော်ရယ်ကပြောသည်။

စမ်းသပ်ကာလအတွင်း သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် လာရောက် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များမှ လူထုအားပွင့်လင်းမြင်သာမှုရှိရှိဖြင့် ချပြမှု မရှိခြင်းအပေါ် ပြည်သူများ စိုးရိမ်နေကြကြောင်းဒေသခံတစ်ဦးကပြောသည်။

နောက်ပိုင်းလုပ်ဆောင်လာမည့် စီမံကိန်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များ လုပ်ဆောင်လာခြင်းအား ကန့်ကွက်သွားမည်ဖြစ်ကြောင်း မလှိုင်မျိုးခိုင်က ထပ်လောင်းပြောကြားသည်။

ဒေသခံ၏ ခွင့်ပြုချက်ရယူပြီးဆောင်ရွက်ရန် ပြည်ထောင်စုအဆင့်မှ ညွှန်ကြားခဲ့သော်လည်း ဒေသခံပြည်သူများအားခေါ်ယူ ညှိနိုင်းခြင်းမရှိခြင်းအပေါ် ဒေသခံလူထုအချို့မှ ကျေနပ်ခြင်းမရှိကြကြောင်းသိရသည်။

နမ့်ပွန်ချောင်းရေလှောင်တမံရေအားလျှပ်စစ်စီမံကိန်းနှင့် ရေကျော်ဆည် (Low Overflow Weir) ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖေါ်ဆောင်ရွက်ရန်အတွက် ဒေသအခေါ် (တာဆိုင်း) ဒေသ၌ လေ့လာဆန်းစစ်ချက်များအား ၆ လအတွင်း ပြုလုပ်သွားရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဇူလှိုင်လကစမ်းသပ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ရွှေတောင်ကုမ္ပဏီမှ လေ့လာကွင်းဆင်းတိုင်းတာမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။

ရေအားလျှပ်စစ်စီမံကိန်းပြုလုပ်မည့် ပုံစံအကြမ်းကိုရေးဆွဲထားပြီးရေအမြင့်မှာ မြစ်ကြမ်းပြင်မှ ၉၅ မီတာနှင့် ရေကာတာ၏ အမြင့်မှာ ၂၁၆ မီတာအမြင့်ရှိမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ၁၃၉ မီဂါဝပ်ခန့်ထွက်ရှိမည်ဟု သိရသည်။

ရွှေတောင်ကုမ္ပဏီအနေဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရေးအတွက် တည်ဆောက်ခွင့်ပြုနိုင်ပါရန်နှင့် စီမံကိန်းတည်နေရာအနီး လိုအပ်သည့် စူးစမ်းလေ့လာရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် MOU (နားလည်မှုစာချွန်လွှာ)ရေးထိုးခွင့်ပြုရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံတင်ပြခဲ့ပြီး ၂၀၁၄ စက်တင်ဘာလကခွင့်ပြုချက်ရယူခဲ့သည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...