တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်တောင်ကြီး မြို့တွင်ကျင်းပမည်

တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်တောင်ကြီး မြို့တွင်ကျင်းပမည်
သျှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်
သျှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်

ရှမ်း(သျှမ်း)ပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့တွင် တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေး စျေး ရောင်းပွဲတော်ကို မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားမည် ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်ထံမှသိရသည် ။

” ဒီပွဲတော်ဟာ ခရီးသွားလုပ်ငန်းကိုလည်းအထောက်အကူဖြစ်စေပါတယ် ၊ ဒီပွဲအောင်မြင်သွားရင် ကျနော်တို့ သျှမ်းအစိုးရအနေနဲ့ နှစ်စဉ်ပုံမှန် တန်ဆောင်တိုင်ပွဲတော်လိုပဲကျင်းပသွားမယ် ၊ တစ်နိုင်ငံလုံး ကပြည် သူတွေ အနေနဲ့ ကျနော်တို့သျှမ်းပြည်ကို ဒီရာသီမှာအပူရှောင်ရင်းဒီပွဲတော် ကိုလာ ရောက်လည်ပတ် လို့ရပါတယ် ” ဟု ၄င်းကပြောသည် ။

တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့်ယဉ်ကျေးမှုများဖွံ့ဖြိုးတိုးတက်မှုအဓွန့် ရှည်တည်တံ့စေရန် ၊ တိုင်းရင်းသား လူမျိုးစုများ၏ရိုးရာအစားအသောက် အဝတ်အထည် နှင့် အသုံးအဆောင်ပစ္စည်း တွေကိုအားပေးမြှင့်တင်ရန် ၊ တိုင်းရင်းသားလူမျိုးစုများအချင်းချင်းရင်းနှီးချစ်ခင်မှုမှတစ်ဆင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ခိုင်မာအား ကောင်းလာစေရန် ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စဖြစ်ပေါ်လာရေး အ တွက်အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်သည်ဟု ၀န်ကြီးဦး စိုးညွှန့်လွင် ကပြောသည် ။

အဆိုပါစျေးရောင်းပွဲတော်အား တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်းတွင်စျေး ဆိုင်များရောင်းချခြင်း၊ ဖျော်ဖြေရေး ကဏ္ဍအနေနှင့်ရိုးရာစတိတ်စင်၊ ခေတ်ပေါ်တေးဂီတစတိတ်စင်ပါ၀င်မည်ဖြစ်ပြီး တိုင်းရင်းသား စာပေစာတမ်း ဖတ်ပွဲအား တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည် ။

သျှမ်းပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားအသီးသီး၏ ရိုးရာယဉ်ကျေးမှုများ ကပြဖျော်ဖြေခြင်း၊ ရိုးရာအစားအသောက်များ ၊ ရိုးရာ အဝတ်အစားများရောင်းချခြင်း ၊ တိုင်းရင်းသား စာပေဆိုင်ရာစာတမ်းများနှင့် ရိုးရာယဉ်ကျေး မှုဓလေ့ဆိုင်ရာ စာတန်းများ ဖတ်ကြားခြင်း ၊ တိုင်းရင်းသားစာပေ စာအုပ်များရောင်းချခြင်း ၊ ပြခန်းပေါင်း ၂၃ ခန်း ၊ ကပြဖျော်ဖြေမည့်တိုင်း ရင်းသားအဖွဲ့ ၄၅ ဖွဲ့ပါ၀င်မည်ဟုသိရှိရပါသည် ။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...