နွေရာသီ အခြေခံအားကစားသင်တန်း တစ်လအကြာ သင်တန်းပေးမည်

နွေရာသီ အခြေခံအားကစားသင်တန်း တစ်လအကြာ သင်တန်းပေးမည်

ကယားပြည်​နယ်​ရှိ မြို့နယ်​တိုင်းရှိ အ​ခြေခံပညာအဆင်​့​ကျောင်​းသား/သူများအား ​နွေရာသီ​ကျောင်​းပိတ်​ရက်​အတွင်​း အ​ခြေခံအားကစားနည်​းများကို ​တစ်လအကြာ သင်​ကြား​ပေးမည် ဖြစ်သည်။

မြို့လူဦးရေ အနေအထားအပေါ်မူတည်း၍ အားကစားနည်း အရေအတွက်အလိုက် သင်ကြားပေးမည်ဖြစ်သည်။ လွိုင်ကော်မြို့တွင် ကစားနည်း ၁၉ မျိုးအထိ သင်ကြားပေးမည်ဖြစ်သော်လည်း လူဦးရေနည်းပါးသော မြို့နယ်တွင်မူ အနည်းဆုံး ၃ မျိုးအထိ သင်ကြားပေးမည်ဖြစ်သည်။

မြန်မာ့အားကစားကဏ္ဍ ဖွံံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်​ရွယ်​ပြီးဖွင်​့လှစ်​ထားခြင်​း ဖြစ်​​ကြောင်​း တာဝန်ရှိသူက ပြောသည်။

“၁ ရက်​​နေ့က​နေ ၃၀ ရက်​​နေ့ထိ ဖွင်​့ထားပါတယ်​။” ဟု ကယားပြည်​နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ တာဝန်ရှိသူ တစ်ဦးက ​ပြောသည်​။

ဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ဝူရှူး ၊ ခရစ်ကက်၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ရေကူး၊ ပြေးခုန်ပစ်၊ ခြင်းလုံး၊ ကမ်ပို၊ လက်ဝှေ့၊ ဖူဆယ်၊ ဂေါက်သီး စသည့် အားကစားနည်း (၁၉)မျိုး၏ အခြေခံ အားကစားနည်းများကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

လူဦးရေနှစ် အရင်းအမြစ်အပေါ်အခြေခံ၍ လွိုင်ကော်မြို့နယ်တွင် အားကစား နည်း(၁၉) မျိုး၊ ဒီးမော့ဆိုမြို့နယ်တွင် (၈) မျိုး ၊ ဖရူဆိုမြို့နယ်တွင်(၆)မျိုး ၊ရှားတောမြို့နယ်တွင် (၆) မျိုး ၊ ဘောလခဲမြို့နယ်တွင် (၄)မျိုး ၊ ဖားဆောင်းမြို့နယ်တွင်(၅)မျိုး၊ မယ်စဲ့မြို့နယ် တွင် (၃)မျိုး စသည်ဖြင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်​။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...