တောင်ကြီးရှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီ၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား သက်ငယ်မုဒိမ်းကိစ္စအထူးဆွေးနွေး

တောင်ကြီးရှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီ၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား သက်ငယ်မုဒိမ်းကိစ္စအထူးဆွေးနွေး
by -
နန်းဆိုင်ဖူး
တောင်ကြီးမြို့ ရှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီ၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား
တောင်ကြီးမြို့ ရှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီ၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား

ရှမ်း(သျှမ်း)ပြည်နယ် အမျိုးသမီးရေးရာကော်မတီက ကျင်းပပြုလုုပ်သည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှု ခန်းမ၌ ပြုလုပ်ခဲ့သည်။

“ရည်ရွယ်ချက်က အမျိုးသမီးများ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေးမှာ တက်ကြွစွာ စိတ်ပါဝင်စားလာအောင် အား ကောင်း လာအောင်၊ နောက်တစ်ခုက အမျိုးသမီးကိစ္စတွေ စိတ်ဝင်စားလာအောင် ပါဝင်လာအောင် အားပေးတဲ့ အဖွဲ့အစည်း များနဲ့လည်း ပူးပေါင်းပြီးတော့မှ ဖြစ်ချင်တယ်၊ ဌာနဆိုင်ရာ အသီးသီးတွေနဲ့လည်း ပူးပေါင်းနိုင် အောင် ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု SSWDO အဖွဲ့ ဥက္ကဌ စဝ်ဟေမာသိုက် ကပြောသည်။

မတ်လ ၈ ရက် ယနေ့ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် သက်ငယ်မုဒိမ်းကိစ္စများပါ ဆွေးနွေးကြောင်း သိရသည်။

“သက်ငယ်မုဒိမ်းကိစ္စတွေလဲ ဆွေးနွေးတယ်။ အများသဘော နဲ့ ဘာကို ပြစ်ဒဏ်ပေးမလဲ ဘယ်လိုကြီး လေးသော ပြစ်ဒဏ်ပေးမလဲ ဆိုတာကို ဆုံးဖြတ်ချက်ချမယ်” ဟု စဝ်ဟေမာသိုက် ကပြောသည်။

မတ်လ ၈ ရက်နေ့သည် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသီးများနေ့ အထိမ်းအမှတ်ကို လူထုအခြေပြု အဖွဲ့အစည်း ၁၃ ဖွဲ့ မှ ဦးဆောင်ကျင်းပပြီး အစိုးရဝန်ကြီးဌာနမှ ဝန်ကြီးများ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အမျိုး သမီးအဖွဲ့အစည်းများ စုစုပေါင်း အမျိုးသမီး ၅၀၀ ကျော် တက်ရောက်ခဲ့သည်။

အမျိုးသမီးများအခွင့်အရေးလှုပ်ရှားမှုအထိမ်းအမှတ်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နယူးယောက်မြို့တွင် စတင်ကျင်းပခဲ့သည်။ ၁၉၁၀ ခုနှစ်အပြည်ပြည ်ဆိုင်ရာအမျိုး သမီးများညီလာခံတွင် မတ်လ ၈ ရက်နေ့အား အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့သတ်မှတ် ရန်ဆွေးနွေး အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၁၇ ခုနှစ် ဆိုဗီယက်ရုရှားတွင်အမျိုးသမီးများ မဲပေးပိုင်ခွင့်ရရှိခဲ့ပြီးနောက် မတ်လ ၈ ရက်နေ့သည် အမျိုးသားအားလပ်ရက်အဖြစ်သတ်မှတ်လာခဲ့ပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...