သိန္နီမြို့ရဲစခန်းအနောက်ဘက် သုသာန်ဟောင်းတွင် ဗုံးပေါက်ကွဲ

သိန္နီမြို့ရဲစခန်းအနောက်ဘက် သုသာန်ဟောင်းတွင် ဗုံးပေါက်ကွဲ
သိန္နီမြို့ ရပ်ကွက် ၂ ရဲစခန်းအနောက်ဘက်ရှိ သုသာန်ဟောင်းတွင် ပေါက်ကွဲသည့် ဗုံးတလုံး
သိန္နီမြို့ ရပ်ကွက် ၂ ရဲစခန်းအနောက်ဘက်ရှိ သုသာန်ဟောင်းတွင် ပေါက်ကွဲသည့် ဗုံးတလုံး

ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း သိန္နီမြို့တွင်ဗုံးတလုံးပေါက်ကွဲပြီးနောက် ရဲများသွားရောက်စစ်ဆေးရှာဖွေရာ မပေါက်ကွဲသေးသည့်ဗုံးတလုံးပါထပ်မံတွေ့ရှိကြောင်းသိရသည်။

မတ်လ ၆ ရက်နေ့က သိန္နီမြို့ ရပ်ကွက် ၂ ရဲစခန်းအနောက်ဘက်ရှိ သုသာန်ဟောင်းတွင် ဗုံးတလုံးပေါက်ကွဲပြီးနောက် ရဲများသွားရောက်ရှာဖွေစစ်ဆေးရာ မပေါက်ကွဲသေးသည့်ဗုံးတလုံးထပ်မံတွေ့ရှိခြင်းဖြစ်သည်။

သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီက " မှန်ပါတယ်။ လက်လုပ်ဗုံးပါ။ရဲစခန်းအနောက်ဘက်က ပေါက်ကွဲတာ။ လူတော့မထိဘူး။ သုသာန်ဟောင်းထဲပေါက်တယ်ဆိုတော့ လမ်းလည်းမပိတ်ပါဘူး။ လက်သည်လည်းမသိရဘူး။ရဲဘက်ကလည်းဘာမှမထုတ်ပြန်ဘူး။ " ဟု ပြောဆိုသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ရှိ အမှတ် ၁ ရဲစခန်းနှင့်မျက်နှာချင်းဆိုင်ရှိ ရိုးမဘဏ်နှင့်ဧရာဝတီဘဏ်ကြား ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း ၂ ဦးသေဆုံးကာ ၁၀ ကျော်ဒဏ်ရာရရှိခဲ့ပါသည်။ ပေါက်ကွဲမှုလက်သည်အား ဖမ်းမိကြောင်း ထုတ်ပြန်သည်ကိုမတွေ့ရပေ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...