ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် KNPP နှင့် NRPC တို့ မတ်လ ၇ ရက်နေ့တွင် အလွတ်သဘောတွေ့ဆုံမည်

ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် KNPP နှင့် NRPC တို့ မတ်လ ၇ ရက်နေ့တွင် အလွတ်သဘောတွေ့ဆုံမည်

ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှ ငြိမ်းချမ်းရေးကော်မရှင်(PC) တို့၏ အလွတ်သဘောဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်မတ်လ ၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် နှစ်ဖက်အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်  ၎င်းတို့က အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်။

“အဓိကကတော့ ကျနော်တို့နှစ်ဦးဘက်ကြားမှာရှိတဲ့ သဘောတူညီမှုတွေကို ဆက်ပြီးတော့ ထိထိရောက်ရောက်အကောင်အထည်ဖော်သွားမယ်ဆိုတာတွေကို အဓ်ိက သွားဆွေးနွေးဖို့ပါပဲ။”ဟု KNPP ၏ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။

ထို့အပြင် KNPP အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တ ွင်ဆက်လက်ပါဝင်နိုင်ရေးကိစ္စများနှင့်UNFC ၏ အဆိုပြုချက်(၈) ချက်ထဲမှ ကြေလည်မှု မရရှိသေးသည့် အချက်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNPP က မတ်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယခင်နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က KNPP နှင့် တပ်မတော် အကြားဖြစ်ပွားခဲ့သည့် ပဋိပက္ခ၌ KNPP တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည့်ကိစ္စကို ယင်းအလွတ်သဘောတွေ့ဆုံမှုတွင် ထည့်သွင်းဆွေးနွေးရန်ရှိမလားဟု ကန္တာရဝတီတိုင်း(မ်)၏ မေးမြန်မှုကို KNPP ၏ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက “လောလောဆယ်တော့ ပြောလို့မရသေးဘူး။ ဆွေးနွေးဖို့အခြေအနေအရ ညှိနှိုင်းဆွေးနွေးဖို့ပေါ်လာမယ်ဆိုရင်လဲ ကျွန်တော်တို့ ညှိနှိုင်ဆွေးနွေးဖို့ရှိမယ်။”ဟု ၎င်းက ပြောသည်။

KNPP သည် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အဖွဲ့ဖြစ်ကာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်လည်းဖြစ်သည်။



တပ်မတော်အစိုးရနှင့် ကေအဲန်ပီပီသည် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင် UNFC နှင့်အတူ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေဆဲဖြစ်သည်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...