၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် မေလလယ်တွင်ကျင်းပရန် JICM ၇ ကြိမ်မြောက်အစည်းအဝေးတွင် ဆုံးဖြတ်

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် မေလလယ်တွင်ကျင်းပရန် JICM ၇ ကြိမ်မြောက်အစည်းအဝေးတွင် ဆုံးဖြတ်
RCSS/SSA ၏ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း အားသျှမ်းသံတော်ဆင့်မှတွေ့ဆုံမေးမြန်းမှုပြုနေစဉ်
RCSS/SSA ၏ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း အားသျှမ်းသံတော်ဆင့်မှတွေ့ဆုံမေးမြန်းမှုပြုနေစဉ်

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံခေါ် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ကို JICM ၇ ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ မေလတွင် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။

RCSS/SSA ရှမ်း(သျှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ၏ အတွင်းရေးမှူး ၃ ၊ UPDJC အတွင်း ရေးမှူးများအဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေပြည်တော်တွင်ကျင်းပပြုလုပ်သည့် အစည်းအဝေးအရ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ကို ၂၀၁၈ မေလလယ်ပိုင်းတွင်ကျင်းပနိုင်ဖွယ်ရှိသည်ဟု ပြောဆိုသည်။

“အချက်အလက်ပါအတိုင်းသွားမယ်ဆိုရင် ၂၁ ရာစုပင်လုံလို့ခေါ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဟာ တနှစ်မှာ ၂ ကြိမ်လုပ်ရမယ်။ အခုက ၁ နှစ်တောင်ပြည့်တော့မယ်တကြိမ်မှ မလုပ်ရသေးဘူး။ အဲတာကြောင့်မေလမှာလုပ်ဖို့ကျနော်တို့ဆွေးနွေးဆုံးဖြတ်ရတာပါ။   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဖူးတယ်။ ၂၀၁၉ မှာ ဖက်ဒရယ်အခြေခံလေးရှိအောင်လုပ်မယ်  ဆိုတာလေ။ သူပြောတဲ့အတိုင်း ကျနော်တို့ EAO ဘက်ကလည်းလုပ်ချင်တယ်။ ဒါပေမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ လာညှိနေတာ။ လူထုတွေ့ဆုံပွဲက တားဆီးခံနေရတော့ ဒီကနေရှေ့မဆက်နိုင်သေးဖြစ်နေတာလေ။ NCA အရဆိုရင်တော့ ကျနော်တို့ တနှစ် ၂ ကြိမ်လုပ်ရမှာ ညီလာခံက”- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

JICM အစည်းအဝေးအား ၂၇ နှင့် ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ပထမအသုတ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့ ၈ ဖွဲ့အနက် အဖွဲ့ဝင်တဖွဲ့ဖြစ်ပြီး အစိုးရနှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အဆင့်ဆင့်တွင် ပါဝင်ကျင်းပခဲ့သည့်အဖွဲ့ဖြစ်ပါသည်။ သို့သော် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးရေးအတွက် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ၂ ကြိမ်တိုင်တိုင် တားမြစ်ခံရသဖြင့် ယခုတိုင်ကျင်းပ နိုင်ခြင်းမရှိသေးပေ။

ဒီဇင်ဘာလက မွန်ပြည်သစ်ပါတီနှင့်လားဟူအမျိုးသားအစည်းအရုံးတို့ NCA လက်မှတ်ရေးထိုးရာလက်ရှိတွင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီးဖြစ်ပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...