ကျိုင်းတုံမြို့ ရိုးရာဓလေ့စော်ဘွားစျေး ယခုနှစ် အထူးစည်ကား

ကျိုင်းတုံမြို့ ရိုးရာဓလေ့စော်ဘွားစျေး ယခုနှစ် အထူးစည်ကား
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်နှစ်စဉ်ပလျှက်ရှိသော စော်ဘွားစျေးနေ့မှာ ယခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျင်းပ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်နှစ်စဉ်ပလျှက်ရှိသော စော်ဘွားစျေးနေ့မှာ ယခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျင်းပ

ရှမ်း(သျှမ်း)ပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်နှစ်စဉ်ပလျှက်ရှိသော စော်ဘွားစျေးနေ့မှာ ယခုနှစ် မတ်လ ၂ ရက်နေ့တွင်ကျင်းပရာ ယခင်နှစ်များထက် စျေးရောင်းစျေးဝယ်များဖြင့်ပိုမိုစည်ကားကြောင်းသိရသည်။

ကျိုင်းတုံရိုးရာ စော်ဘွားစျေးကို ကတ်လီစျေးနေ့ – ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်းကျောက်အင်ထလိုင်က သတ်မှတ်ပေးသော မတ်လအတွင်းကျရောက်သည့် ပထမဆုံး စျေးေ န့(စော်ဘွားကြီးတနှစ်တ ကြိမ် စျေးဝင်သောနေ့) တွင် ပြုလုပ်ခဲ့ပါသည်။

“စော်ဘွားစျေးက တနှစ်မှာ တရက်ဘဲ ခင်းရောင်းပါတယ်။ စော်ဘွားခေတ်ကတည်းကရှိလာတဲ့စျေးပါ။ ဒီစျေးနေ့ရောက် ရင် ကျိုင်းတုံမြို့ထဲကရှိတဲ့စျေးတွေအားလုံးပိတ်ပြီး ဒီစော်ဘွားစျေးမှာဘဲလာရောင်းပါတယ်။ ကျိုင်းတုံမြို့ ရပ်ကွက် ၂ လို့အမည်ထပ်ပေးထားတဲ့ ဒေသအခေါ် ဟိုကတ်ရပ်ကွက်ထဲ မှာလုပ်ပါ တယ်။ မြို့အဝင်အထွက်တံခါး ပတူပါလျံ နားမှာရှိတယ်။ ဒေသထွက် စားသောက်ကုန်တွေ လက်မှု ထုတ်ကုန်တွေ အသုံးအဆောင်တွေအစုံလာရောင်းတယ်။တော် တော်လေးစည်ကားပါ တယ်။ စျေးဝင်တဲ့လူအားလုံးက တနှစ်လုံးအတွက် အထူးကံကောင်းမယ်။ လာဘ်ရွှင်မယ်။ ကျန်းမာရေးအထူးကောင်း မွန်မယ်လို့ယုံကြည်ကြလို့လေ”- ဟု ကျိုင်းတုံမြို့ခံ စိုင်းယီက သျှမ်းသံတော်ဆင့် အား ပြောပြသည်။

စျေးအရောင်းအဝယ်များအပြင် ခေတ်ဟောင်း ခေတ်ပေါ်တေးဂီတ၊ ဇာတ်သဘင်တို့ကိုပါ ဖျော်ဖြေပြသကြောင်း ၄င်းကဆိုပါသည်။

ယခုနှစ်စျေးဝင်သူများမှာ စော်ဘွားစျေးနှင့်မျက်နှာချင်းဆိုင်ရှိ ကျိုင်းတုံစော်ဘွားများသချိင်္ုင်းသို့သွားကာ ပန်းရေချမ်းဆီမီးကပ်လှူ ဂါရဝပြုခဲ့ကြကြောင်းသိရသည်။

ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်းကျောက်အင်းထလိုင်သည် ခရစ်နှစ် ၁၉၃၀ က ရှိရင်းစွဲစော်ဘွားစျေးမှာ နေရာကျဉ်းသည်ဟုဆိုကာ လက်ရှိ ကျိုင်းတုံစျေးကြီးသို့ ပြောင်းရွှေ့ခဲ့သည်။ ကျိုင်းတုံစျေးအား ၁၉၃၆ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ရောင်းချခဲ့ရာမှ ယနေ့တိုင်ဖြစ်ပါသည်။ အဆိုပါစော်ဘွားစျေးဟောင်းမှာမူ ရိုးရာမပျက်အောင် တနှစ်တကြိမ် (၁ ရက်)သာ ဖွင့်လှစ်ရောင်းချပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...