ဌာနေတိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ နှီးနောဖလှယ်ပွဲပြုလုပ်

ဌာနေတိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ နှီးနောဖလှယ်ပွဲပြုလုပ်
by -
ထျိုးမြာ

ကယားပြည်နယ်တွင် မှီတင်းနေထိုင်သည့် ဌာနေတိုင်းရင်းသားလူမျိုးအားလုံး စည်းစည်းလုံးလုံးပြန်လည်ဆုံစည်းနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဌာနေတိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို လွိုင်ကော်မြို့၊ ဘာဒိုကျေးရွာဘုရားကျောင်း၌ မတ်လ ၁ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။

ထိုနှီးနှောဖလှယ်ပွဲတွင် ရိုးရာစာပေနှင့် ယဉ်ကျေးမှုကို အဓိကထားဆွေးနွေးကြမည်ဟု သိရသည်။

ဌာနေတိုင်းရင်းသားရှိလူမျိုးများ၏ မူရင်းစကားများမပပျောက်စေရန် ပြန်လည်တီထွင်ပြီးပညာရေးဌာနတွင် မူလတန်းမှ အထက်တန်းထိ သင်ကြားနိုင်ရန်လိုကြိုးစားဘာသာပြန်ကြရန်လိုအပ်သည်ဟု ဌာနေတိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ခူးတူရယ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်တွင်းပြောသွားပါသည်။

“မူရင်းစကားပျောက်ရင် လူမျိုးပါပျောက်နိုင်တဲ့အတွက်ကြောင့် မူရင်းမိခင်ဘာသာစကားမပျောက်အောင် ပြန်ပြီးတီထွင်ပြီး ပညာရေးဌာနမှာလည်း သင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးနေတာရှိပါတယ်။”ဟု ၎င်းက ပြောပါသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ဝတ်စားဆင်ယဉ်မှုများကို ကိုယ်တိုင်တန်ဖိုးထားဝတ်ဆင်ပြနိုင်မှသာလျှင် တစ်ခြားသောလူမျိုးများက အထင်ကြီးအရိုအသေရှိနိုင်မည်ဖြစ်သောကြောင့် မိမိတို့၏ဝတ်စားဆင်ယဉ်မှုပုံစံကို ပြန်လည်ဖော်ထုတ်ကြလိုအပ်ကြောင်း ဥက္ကဌက ထပ်မံပြောဆိုပါသည်။

“ကျနော်တို့ုတိုင်းရင်းသားတွေလဲ ကိုယ့်လူမျိုးအလိုက် ကိုယ့်ဝတ်စားဆင်ယဉ်မှုနဲ့သီသီး ရှိကြပါတယ်။ အဲ့ဝတ်စားဆင်ယဉ်မှု ကိုယ့်ကိုယ့်ကိုယုံကြည်မှုရှိရှိ ဝတ်ပြမှ တန်ဖိုးထားပြမှ တခြားလူမျိုးစုတွေလဲ အထင်ကြီးမယ် တရိုတသေရှိမယ်။ အဲ့ဒါကြောင့် ကိုယ့်မျိုးနွယ်စုအလိုက်ကိုယ့်ရဲ့အဝတ်အစား ကိုယ့်ရဲ့ပုံစံ တွေကို မြတ်မြတ်နိုးနိုးနဲ့ ပြန်လည်ဖော်ထုတ်ပေးဖို့ ”ဟု သူကပြောပါသည်။

ယခုနှီးနှောဖလှယ်ပွဲသည် ပထမဆုံးအကြိမ်ပြုလုပ်သောပွဲဖြစ်ပြီး ကယားပြည်နယ်တွင် မှီတင်းနေထိုင်သည့် ဌာနေတိုင်းရင်းသားလူမျိုးများဖြစ်သည့် ကယား၊ ကယန်း၊ ကယော၊ ကော်ယော်၊ ယင်းသလဲ၊ ဂေဘား လူမျိုးတို့ ပါဝင်ဆွေးနွေးကြသည်ကို တွေ့ရသည်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...