RCSS/SSA နှင့်ပတ်သက်သည့် ဟိုပုံးဒေသခံ ၈ ဦး ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်အထိချမှတ်ခံရ

RCSS/SSA နှင့်ပတ်သက်သည့် ဟိုပုံးဒေသခံ ၈ ဦး ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်အထိချမှတ်ခံရ
by -
နန်းဆိုင်ဖူး

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် ရှမ်း(သျှမ်း)ပြည်တပ်မတော် RCSS/SSA အား ထောက်ပံ့ဆက်သွယ်မှုဖြင့်ဖမ်းဆီးခံရသည့်ရွာသားများအား ဟိုပုံးမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ် ထိ ချမှတ်လိုက်သည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က  တရားခံ ၈ ဦးကို သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် တရားရုံးက အမှ​ုပေါင်းများစွာ ဖြင့်​ထောင်ဒဏ်ချမှတ်ကာ ​တောင်လေးလုံးအကျဉ်​းထောင်သို့ ပို့​ဆောင်ကာ အကျဉ်းချလိုက်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လလယ်ပိုင်းက ​ဒေသခံ ၈ ဦးအား RCSS/SSA နှင့်ဆက်သွယ်သည်ဟုဆိုကာ အစိုးရ တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထား သည်။ ထို့အတူ တပ်​တော်မှ တရားလိုအဖြစ် ၎င်းတို့အား အမှု ၁၂ မှုဖြင့် တရားစွဲဆိုကာ ဟိုပုံးမြို့တရားရုံးတော်မှ အဆိုပါရွာသား ၈ ဦး အား​ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ခြင်းဖြစ် သည်။

“တယောက်မှ မလွှတ်ဘူး၊ မနေ့က မနက် ၁၁ နာရီမှာ အမိန့်ချတယ်၊ ၃ နှစ် ၇ နှစ် ၁ နှစ် ၁၀ နှစ်တွေလဲပါတယ်။ အမိန့်ချပြီးတာနဲ့ ချက်ချင်း တောင်လေးလုံးကို ပို့လိုက်တယ်။ တရားသူကြီးက စုရတနာလှိုင် ဖြစ်တယ်၊ တရား မျှတမှု ရှိမရှိလားတော့မပြောတတ်ဘူး၊ ဒါမယ့်တရားစီရင်ရေးတော့ ပြည်သူကနေပြီးမှ ယုံကြည်တယ် အားကိုး တယ်ဆိုတဲ့ဟာ ပြတ်သားသွားတာပေါ့၊ သူတို့ ဒီလိုအမိန့်ချလိုက်လို့ ပြည်သူတွေတရားရုံ​တော်ကို အားကိုးလို့ မရတော့ဘူး၊ ဒီတရားစီရင်ရေးမှာ ဘာလို့လဲဆိုတော့ သူတို့ လွှတ်ပေးလို့ရတယ် ဥပဒေနဲ့ပြောရင် ကောင်း ကောင်းလွှတ်ပေးလို့ရတယ်၊ဒါမယ့် သူတို့ မလွတ်ပေးရဲဘူး သူတို့မလွတ်ရဲလို့ အကုန်အမိန့်ချလိုက်တယ်” ဟု အမှုလိုက်ရှေ့နေ စဝ်မြဝတီ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အမှု ၁၂ မှုမှာ လက်နက်မှု၊ ဥပဒေမှု နှင့် အရေးယူတာဖြစ်ပြီး ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ နှင့် စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဝင်ရောက်တယ်ဆိုပြီး ကာကွယ်ရေးဥပဒေနှင့် အရေးယူထားတာဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးထားသည့် ဒေသခံ ၈ ဦးသည် ၁၀ ကြိမ်ထက်မနည်း တရားရုံးတက်ရပြီး တစ်စုံ တစ်ရာ ချမှတ်စီရင်ခြင်းရှိဘဲ ရုံးဆက်တိုက် ချိန်းဆိုကြောင်း သိရသည်။

၂၀၁၇ ဇူလိုင်လ ၁၇ ရက်နေ့က ဟိုပုံးမြို့နယ် နမ့်ခုတ် ရွာသား ၈ ဦးအား အစိုးရတပ်မတော် ခြေလျင်တပ်ရင်း ခလရ အမှတ် ၂၂၅ နှင့် ၂၄၉ တို့မှ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သတင်းမေးမြန်းရာ သတင်းမပေးဟုဆိုကာ ၄င်းတို့အား ဖမ်းဆီခေါ်ဆောင် အချုပ်ခန်းတွင်ချုပ် နှောင်ထားခြင်း ဖြစ်သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရတပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးထားသောကြောင့် နေပြည်တော် အစိုးရမှ ၂၀၁၅ အောက်တိုဘာလက မတရားအသင်းမှ စာရင်းပယ်ဖျက်ထားသည့် သျှမ်းတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်တစ်ခုဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...