ရှမ်း−တရုတ်နယ်စပ်အနီး ၁၀ ဘီးကား ၇ စီးမီးလောင် ကာလတန်ဖိုး ကျပ်သိန်း ၂ ထောင်ကျော်ဆုံး

ရှမ်း−တရုတ်နယ်စပ်အနီး ၁၀ ဘီးကား ၇ စီးမီးလောင် ကာလတန်ဖိုး ကျပ်သိန်း ၂ ထောင်ကျော်ဆုံး
by -
ယိင်းတိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ မြောက်ဘက် ရွှေလီမြစ်အတွင်း ကျွန်းတခုပေါ်တွင်ရပ်ထားသည့် သစ်တင်ကားများ မီးလောင်မှုဖြစ်ပွားကာ ကာလတန်ဖိုးမြန်မာကျပ်ငွေ သိန်းပေါင်း ၂၀၀၀ ကျော် ဆုံးရှုံးသွားသည်ဟု သိရသည်။

နမ့်ခမ်းမြို့မြောက်ဘက် မန်ဟောင်းကျေးရွာအနီးရှိ ရွှေလီ မြစ်လည်ကျွန်းပေါ်တွင် ရပ်နားထားသောဆယ်ဘီးကား (၇) စီးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ဆေးလိပ်သောက်သုံးသွားသွားလာသူများ စည်းမဲ့ကမ်းမဲ့ မီးကျန်ဆေးလိပ်တိုများ စွန့်ပစ်မှုမှ လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း နမ့်ခမ်းဒေသခံများကပြောသည်။

နမ့်ခမ်းဒေသခံ စိုင်းဆိုင် က ​“ အဲ့ဒီဆယ်ဘီးကားတွေက နှစ်ပေါင်းများစွာတရုတ်ပြည်ကို သစ်တွေပို့ နေတဲ့ကားတွေလေ ၊သစ်တွေသယ်ရင် များသောအားဖြင့် ညဖက်တွေမှာ သယ်တာများတယ်။ တစ်ခါတစ်လေလည်း နေ့လည်ခင်းဘက်မှာသယ် ကြတယ်၊ခုတော့မီးလောင်သွားတာ (၇)စီးပါ ၊ သူတို့က နိုင်ငံရေးအခြေအနေ၊ အာဏာပိုင်အခြေအနေ၊ လက်နက်ကိုင်အုပ်စုအခြေအနေတွေကို ကြည့်ပြီး လုပ်တာ”ဟု ၄င်းကပြောသည်။

အဆိုပါ ကားများအားဖေဖော်ဝါရီ (၂၃ ) ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီမှ ညနေ ၆ နာရီအထိမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကားတစ်စီးလျှင် ကာလ ပေါက်စျေးသိန်းတစ်ရာမှ သိန်း (၃) ရာခန့်တန်ဖိုးရှိသောကြောင့် ဆုံးရှုံးမှုတန်ဘိုး ငွေကျပ်သိန်းထောင်ချီရှိနိုင်သည်ဟု သိရသည်။

ယင်းကားမီးလောင်မှုနှင့်ပတ်သက်၍ ဒေသခံများက − ဆယ်ဘီး ကားရပ် ထားသည့် ဘေးတွင် ကြံရည်ကြိတ်ပြီးသည့်ကြံရိုးခြောက်များရှိနေရာ လမ်းသွားလမ်းလာများက ဆေးလိပ်မီး စည်းမဲ့ကမ်းမဲ့ပစ်ချမှုကြောင့် မီးစွဲလောင်ကျွမ်းရာမှမီးလောင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

နမ့်ခမ်းမှ တရုတ်ပြည်သို့ သယ်ယူပို့ဆောင်သောသစ်များသည်ရွှေလီ မြစ်ဝှမ်းတစ်လျှောက်မှသစ်များနှင့် မိုးမိတ်၊ နမ့်ခမ်း၊ မန်ပိန်း၊ လွိုင်ဟိုဆေ၊ မန်မောစသည့်ဒေသထွက်သစ်များဖြစ်သည်ဟုနမ့်ခမ်းဒေသခံများ ထံမှသိရှိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...