ကန် အထောက်အပံ့ဖြင့် အရပ်ဘက်အဖွဲ့အစည်း ၄ ခု လူမှုဖွံ့ဖြိုးရေးအစီအစဉ်များ လုပ်ဆောင်မည်

ကန် အထောက်အပံ့ဖြင့် အရပ်ဘက်အဖွဲ့အစည်း ၄ ခု လူမှုဖွံ့ဖြိုးရေးအစီအစဉ်များ လုပ်ဆောင်မည်
by -
လင်းသန့်

မြန်မာနိုင်ငံတောင်ပိုင်းဒေသ၌ ဒေါ်လာ ၄၈ သန်းသုံးစွဲမည့် စီမံကိန်းအသစ်တစ်ခု၏ တစိတ်တပိုင်းကို အမေရိကန်နိုင်ငံတကာဖွ့ံဖြိုးရေးအေဂျင်စီက ကယားပြည်နယ်ရှိ ဒေသခံအဖွဲ့အစည်း ၄ ခုနှင့်အတူ မိတ်ဖက်လက်တွဲမှုကို စတင်လိုက်သည်။

အမေရိကန်နိုင်ငံတကာဖွ့ံဖြိုးရေးအေဂျင်စီက ယင်းအစီအစဉ်ကို Advancing Community Empowerment in Southestern Myanmar(ACESM)ဟု အမည်ပေးထားပြီး အရပ်ဘက်အဖွဲ့အစည်း တစ်ဖွဲ့ချင်း၏ ကန်ဒေါ်လာ ၁ သိန်းအောက် အဆိုပြုလွှာများကို လက်ခံခဲ့သည်။

၅ စီမံကိန်းအဖြစ်အကောင်အထည်ဖေါ်မည့် ယင်းအစီအစဉ်ကို Pact Myanmar က ပူးတွဲလုပ်ဆောင်မည်ဖြစ်သည်။

“အရှေ့တောင်ပိုင်းသည် ပဋိပက္ခတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့နေရာဖြစ်တယ်။”ဟု ယင်းဒေသများသို့ ဖွံ့ဖြိုးမှုအစီအစဉ်များကို လုပ်ဆောင်ရသည့် ရည်ရွယ်ချက်ကို ACESM ၏ ဌာနအကြီးအကဲဖြစ်သူ ဒေါက်တာ အိသင်ဇာမင်းမင်းဦးက ပြောသည်။

ယင်းအစီအစဉ်တွင် ကယား(ကရင်နီ)ပြည်နယ်အခြေစိုက် မောဒူကလားမေးလူမှုဖွံ့ဖြိုးရေးအသင်း၊ ကယန်းအမျိုးသမီးအစည်းအရုံး၊ ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီနှင့် ကရင်နီအမျိုးသမီးအစည်းအရုံးတို့ ပါဝင်မည်ဖြစ်သည်။

အုပ်ချုပ်ရေးနှင့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးခြင်း၊ ပြည်သူ့ကျန်းမာရေး၊ ရေသန့်ရှင်းရေးနှင့် တကိုယ်ရေ ကျန်းမာရေးကဏ္ဍများကို ပိုမိုကောင်းမွန်ရန် ပံ့ပိုးမှုများကို အထောက်အပ့ံရရှိသူများက လုပ်ဆောင်သွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ သန္နိဋ္ဌာန်ချထားပါတယ်”ဟု အမေရိကန်သံရုံး(ရန်ကုန်)၏ သံအမတ်ကြီး မာစီရယ်လ်က ဒီးမော့ဆိုမြို့တွင် ပြုလုပ်သော အရပ်ဘက်အဖွဲ့စည်းထံသို့ လူသားချင်စာနာမှုဆိုင်ရာ ထောက်ပံ့ပေးမှု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို ဒီးမော့ဆိုမြို့ ဒေါတမငယ်ရပ်ကွက်ရှိ ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီရုံးတွင် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ပြုလုပ်သည်။

ကန်သံအမတ်ကြီး မာစီရယ်လ်သည် ကယားပြည်နယ်ကို ဖေဖေါ်ဝါရီ ၂၁ နှင့် ၂၂ ရက်နေ့ ရောက်ရှိနေစဉ်အတောအတွင်း အစိုးရ၊ နိုင်ငံရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို အသားပေး ဆွေးနွေးခဲ့သည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...